24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဆည်ကြီးချောင်း ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိပြီး ကလေးမြို့ မြောက်ပိုင်း ရွာ ၂၀ ကျော် အသွားအလာခက်ခဲနေ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် မေလ ၂၇ ရက်မှ စတင် ၍ မိုးရက်ဆက်ရွာသွန်းနေမှုကြောင့် ချင်းတောင်ပေါ်မှ ဖြတ်သန်းစီးဆင်း လာသည့် မြစ်၊ ချောင်းများ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ကလေးမြို့  မြောက်ပိုင်းကျေးရွာများနှင့် ဆက်သွယ်ရေးတွင် အရေးပါသည့်ဆည် ကြီးချောင်းရေကြီးမှုဖြစ်ပွားခဲ့ပြီး မောက်လင်းအုပ်စု၊ ပျဉ်းခုံကြီးအုပ်စု ပြည်တော်သာရွာ၊ ချောင်းဦးရွာစသည့်ကျေးရွာပေါင်း ၂ဝ ကျော်နှင့် ခက်ခဲစွာ ဆက်သွယ်သွားလာနေကြရကြောင်း နန်းချောင်းကျေးရွာမှ ဦးထန် လိပ်က မေ ၃ဝ ရက်က ပြောသည်။

''ကျွန်တော်တို့ ကလေးမြို့နယ်တစ်နယ်လုံးမှာ စီးဆင်းတဲ့မြစ်တွေ ချောင်းတွေအားလုံး ချင်းတောင်ပေါ်မှာ မြစ်ဖျား၊ ချောင်းဖျားခံစီးဆင်း တာဖြစ်ပါတယ်။ အခုရက်ပိုင်း မုန်တိုင်းကြောင့် မိုးရက်ဆက်ရွာသွန်းတဲ့အခါ ချောင်းရေ၊ မြစ်ရေကျလာတော့ သွားရေးလာရေး အခက်အခဲဖြစ်ကြ ရပါတယ်''ဟု ယင်းကပြောသည်။

ကလေးမြို့ မြောက်ပိုင်းဒေသ ချင်းတောင်ပေါ်တွင် မြစ်ဖျား ချောင်းဖျားခံ စီးဆင်းသည့် မှန်လုံချောင်း၊ ဆည်ကြီးချောင်း၊ နေရဉ္စရာ အစရှိသည့် ချောင်းများရှိရာ ယခုရက်ပိုင်းမိုးအဆက်မပြတ် ရွာသွန်းနေ မှုကြောင့် မေ ၂၇ ရက်မှစတင်၍ မေ ၃ဝ ရက်အထိ၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် ဆည်ကြီးချောင်းမှာ တောင်ကျ ချောင်းတစ်ချောင်းဖြစ်ပြီး နှစ်စဉ်သက်ဆိုင်ရာများက ချောင်းကူးတံ တားဆောက်လုပ်ပေးခဲ့သော်လည်းတောင်ကျရေကြောင့် တံတားမျောပါ မှုမကြာခဏဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

''ချောင်းကူးတံတားတော့ရှိပါတယ်။ တောင်ကျချောင်းမှာချောင်း ပေါက်တွေက အများကြီးပေါ်လာတာဖြစ်တော့ ချောင်းရေထဲကပဲ ဖြတ်ကူးရတယ်။ ချောင်းရေကလည်းရေစီးကြမ်းတဲ့အတွက် တချို့ဆိုရင် ရေနဲ့မျောပါသွားတာမျိုးတွေရှိတယ်''ဟု လက်ပံချောင်းရွာမှ ခရီးသွား ဦးရမ်းလိန်က ပြောသည်။

ကလေးမြို့နယ်တွင် သဘာဝဘေးကျရောက်လာပါက အချိန်နှင့် တပြေးညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်နေရာချထားရေးလုပ်ငန်း များ၊ လုပ်ဆောင်နိုင်ရန် ကြိုတင်စီမံ မှုများဆောင်ရွက်ထားရှိပြီး ပြည်သူ လူထုအား ကြိုတင်အသိပေး ဆော်သြခြင်း၊ သတိပေးခြင်းစသော ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ကလေးခရိုင် စီမံခန့်ခွဲမှု ကော်မတီဦးဆောင်သည့်သဘာဝဘေး ကြိုတင်ကာကွယ်ရေး ကော်မတီမှ တာဝန်ရှိ တစ်ဦးက ပြောသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလေးမြို့နယ် ရာဇဂြိုဟ် ဆည်မှာ စိုးရိမ်စရာမရှိသော်လည်း မှန်လုံချောင်း၊ ဆည်ကြီးချောင်း၊ နတ် တံခါးချောင်းနှင့် ကျောက်တစ်လုံးချောင်းတို့မှာ တောင်ကျချောင်းများ ဖြစ်သည့်အတွက် မေလ ၂၉ ရက်နှင့် မေလ ၃ဝ ရက်တွင် ရေကြီးရေ လျှံမှုဖြစ်ပေါ်ခဲ့ပြီး မေ ၃၁ ရက် နံနက်ပိုင်းတွင် ရေပြန်ကျသွားပြီဖြစ်ကြောင်း သိရသည်။

 

ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.