24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ချင်းပြည်နယ်တွင် မိုးရက်ဆက်ရွာသွန်းနေသည့်အတွက် တောင်ပြို၊ လမ်းပျက်မှုကြောင့် ကလေး-ဖလမ်-ဟားခါးကားများ စောင့်ဆိုင်းသွားလာနေရ

ချင်းပြည်နယ်တွင် မေလ ၂၇ ရက်မှ စတင်၍ မိုးရက်ဆက်ရွာသွန်း နေသည့်အတွက် ကလေး-ဖလမ်း- ဟားခါးကားလမ်းတွင် တောင်ပြိုလမ်း ပျက်၊ လမ်းပိတ်မှုများကြုံတွေ့နေရပြီး ချင်းပြည်နယ်မြို့တော် ဟားခါးသို့ သွားလာသည့် ကားများ၊ ကလေး-ဖလမ်းပြေးဆွဲသည့် လိုင်းကားများ အချိန်နောက်ကျမှုများ ကြုံတွေ့နေရကြောင်း ကလေး-ဖလမ်းပြေးဆွဲသည့် ဖလမ်းသား ကားသင်းကားဂိတ်တာ ဝန်ခံဒေါ်နူးနူးကပြောသည်။

 ''ကလေး ဖလမ်း ဟားခါးလမ်းမှာ တောင်ပြိုကမ်းပျက်တဲ့ နေရာက တော့ ဒီဘက်က ကလေး-သိုင်းငင်းအကြား ဟျောင်ဇိန်-သိုင်းငင်းအ ကြားနဲ့ ဘားလုမ်ဝန်းကျင်က တောင်ပြိုလမ်းပိတ်နေတယ်။ ကျန်တဲ့ နေရာ တွေက မိုးရွာတော့ ရွှံ့ဗွက်တွေ ကြားထဲသွားနေရတယ်''ဟု ယင်းက ပြော သည်။

ကလေး-ဖလမ်း-ချင်းပြည်နယ် မြို့တော်ဟားခါးနှင့် ဆက်သွယ်သွား လာသည့်ကားလမ်းကို အစိုးရသစ်လက်ထက် ဂျပန်နိုင်ငံအကူအညီဖြင့် ပြုပြင်လျက်ရှိသော်လည်း၊ အချို့မြေနေရာများမှာ အောက်ခံမြေသား မတည်ငြိမ်မှုကြောင့်လည်းကောင်း၊ ချင်းတောင်ပေါ်လမ်းများမှာ တောင် စောင်းများကိုဖဲ့စောင်းဖောက်လုပ်ရသည့် လမ်းများဖြစ်ခြင်းကြောင့်လည်း ကောင်း မိုးရက်ဆက်ရွာသွန်းပါက မြေသားပြိုကျခြင်း၊ ပဲ့ကျခြင်းများ မကြာခဏဖြစ်ရကြောင်း ကလေး-ဖလမ်းလမ်း အဆင့်မြှင့်တင်ရေး ဆောင်ရွက်နေသော လမ်းဌာနမှ တာဝန်ရှိတစ်ဦးက ပြောသည်။

''မြေအသားသေအောင်တော့ သုံးလေးငါးနှစ်လုပ်ရမှာပါ။ အခု ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ချင်း ပြည်နယ်သွား ကားလမ်းတွေမှာ ကား နှစ်စီးချောင်ချောင်ရှောင်သွားနိုင်တဲ့ လမ်းတွေဖြစ်ပါတယ်။ အခုတောင်ပြို လမ်းပိတ်တာတွေကတော့ လတ်တလော ရာသီဥတုကြောင့်ဖြစ်ရတာမျိုး ပါ။ ကျွန်တော်တို့ လမ်းဌာနအနေနဲ့လည်း စက်ယန္တရားကြီးတွေ အစောင့် ချထားပြီး အချိန်နဲ့ တပြေးညီပြုပြင်ရှင်းလင်းဆောင်ရွက်ပေးနေပါတယ်'' ဟု ယင်းက ပြောသည်။

ကလေး-ဖလမ်းကားလမ်းမှာမိုင် ၇ဝ ဝန်းကျင်ရှိပြီး ဖလမ်းနှင့်ချင်းပြည် နယ်မြို့တော်ဟားခါးမှာ မိုင် ၄ဝ ဝေး သည်။ ကလေး-ဖလမ်း-ဟားခါးလမ်း တွင် နှစ်စဉ်လမ်းပျက်စီးမှုကြီးမားသည့်နေရာမှာ ကလေး-သိုင်းငင် အကြားဖြစ်ပြီး၊ ဘားလုပ်-ဖလမ်းအကြားတွင် မြေပြိုရွှံ့ဗွက်ထမှုများရှိ ကြောင်း သိရသည်။

ယခုရက်ပိုင်း မိုးရက်ဆက်ရွာသွန်းမှုကြောင့် ကလေး-ဖလမ်း၊ ကလေး-ဖလမ်း-ဟားခါး-ထန်တလန်ခရီးသည်တင်၊ ကုန်တင်ကားများ လမ်းတွင် ညအိပ်ရသည်များရှိနေပြီးအချို့ခရီးသည်တင်ကားများမှာ အချိန်နောက်ကျပြီး ရောက်ရှိကြောင်းသိရသည်။ ကလေး-ဖလမ်းခရီးသည် တစ်ဦးကို ၆ဝဝဝ ကျပ်ပေးရပြီး၊ ကလေး-ဟားခါး ၈ဝဝဝ ကျပ်နှင့် ကလေး-ဖလမ်း-ဟားခါး-ထန်တလန် ၁ဝဝဝဝ ကျပ်ပေးရကြောင်း ဖလမ်းသားကားဂိတ်မှဂိတ်တာဝန်ခံကပြောသည်။

 

ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.