19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယနယ်စပ်၌ ပစ်ခတ်ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေသည့်အတွက် နယ်စပ်နန်းဖာလုံဈေး အရောင်းအ၀ယ်အေးနေ

မြန်မာ-အိန္ဒိယနယ်စပ်တွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး နယ်စပ် ကုန်သွယ်ရောင်းဝယ်ရေးအကောင်းဆုံးဖြစ်သည့် နယ်စပ်နန်း ဖာလုံဈေးသည် ပစ်ခတ်မှုများ ပေါက်ကွဲမှုများမကြာခဏဖြစ်ပွားနေသည့် အတွက် နယ်စပ်ကုန်စည်ရောင်းဝယ်ရေးအေးနေကြောင်း နယ်စပ်ကုန် သည် ဒေါ်နုက ပြောသည်။

''အခု ၂ဝ၁၇ နှစ်ဆန်းပိုင်းကစတင်လို့ တမူးနယ်စပ်မှာ ပေါက်ကွဲ မှုတွေ ပစ်ခတ်မှုတွေ မကြာခဏဖြစ်ပွားနေပြီး အိန္ဒိယနယ်စပ်မြို့မှာလည်း မကြာခဏ ဆန္ဒပြမှုတွေ၊ ကုန်စည်ပို့ဆောင်ရေးကားသင်းတွေက ဆန္ဒ ထုတ်ဖော်မှုတွေဖြစ်နေတဲ့အတွက်နယ်စပ်နန်းဖာလုံဈေး အရောင်း အဝယ်ပါးနေပါတယ်''ဟု နယ်စပ်ကုန်စည်ရောင်းဝယ်ရေးမှ တာဝန်ရှိ တစ်ဦးက ပြောသည်။

 မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့တွင် မေလဆန်းပိုင်းမှ အစုပြု၍ ယခု လအတွင်း ပေါက်ကွဲမှု နှစ်ကြိမ်နှင့်မေကုန်ပိုင်းတွင် နန်းဖာလုံဈေးအနီး ရပ်ကွက်တွင် အမည်မသိလက်နက်ကိုင်များ၏ ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ သည်။ နယ်စပ်ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများကြောင့် နယ်စပ်စည်းရိုး တစ်လျှောက် လုံခြုံရေးများတိုးမြင့်ချထားမှုများရှိနေပြီး တစ်ဖက်နိုင်ငံ နယ်စပ်ဂိတ်များပိတ်ထားကြောင်းသိရသည်။

 ''ကျွန်တော်တို့ နန်းဖာလုံဈေးသူဈေးသားတွေအနေနဲ့ သီတင်းကျွတ် ရာသီ၊ ဆောင်းတွင်းရာသီ၊ သင်္ကြန်ပြီး ရာသီတွေကို မျှော်ပြီး အရောင်းအ ဝယ်လုပ်ကြရတာဖြစ်ပါတယ်။ အခုနှစ်မှာတော့ တစ်နှစ်ပတ်လုံး အ ရောင်းအဝယ်မကောင်းပါဘူး။ ဂိတ်ပိတ်လမ်းပိတ်နေတာများနေတယ်။ တစ်ဖက်နိုင်ငံက ကုန်သည်ကြီးတွေ ကလည်း သည်ဘက်မှာ ဈေးဝယ်ဆင်း မလာတော့ဘူး။ ရန်ကုန်ဘက်ကနေ တိုက်ရိုက်အရောင်းအဝယ်လုပ်နေ တယ်လို့ သတင်းကြားရတယ်''ဟုနန်းဖာလုံဈေးမှဈေးသည်တစ်ဦးက ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ်ကုန် သွယ်ရေးကို ၁၉၉၅ ခုနှစ် ဧပြီ ၁၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာဘက်မှ မြန်မာနယ်စပ်ဈေးကို ၁၉၉၇ ဧပြီလတွင် စတင်ဖွင့်လှစ်နိုင် ခဲ့သည်။

နန်းဖာလုံဈေး စတင်ဖွင့်လှစ်ခဲ့ စဉ်က မြန်မာဘက်မှ အရောင်းအဝယ် ကောင်းမွန်လာခဲ့သော်လည်း ၂ဝ၁ဝ ခုနှစ်နောက်ပိုင်းအကြောင်း အမျိုးမျိုးဖြင့် လမ်းပိတ်မှုများ၊ နယ်စပ် ရောင်းဝယ်ရေး ရပ်ဆိုင်းမှုများကြုံတွေ့ ကြရသည်။ နယ်စပ်နန်းဖာလုံ ဈေးစတင် ဖွင့်လှစ်စဉ်အခါက မြေ ဧက ၂ ဒသမ ၁၂၈ ပေါ်တွင် ဆိုင် ခန်းပေါင်း ၃၂ဝ ဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဆိုင်ခန်းပေါင်း ထောင် ကျော်ရှိနေပြီဖြစ်သည်။

 

ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.