29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ဒဂုံမြို့သစ်(မြောက်ပိုင်း) ဗိုလ်မင်းရောင်အိမ်ရာ စီမံကိန်းတိုက်ခန်းများအတွက် ငွေပေးသွင်းရန် ကျန်ရှိသူများ ဇွန်လ ၃၀ နောက်ဆုံးထားပေးသွင်းခြင်းမရှိပါက ဒဏ်ကြေးများပေးဆောင်ရမည်

ဒဂုံမြို့သစ် (မြောက်ပိုင်း) ဗိုလ်မင်းရောင်တန်ဖိုးမျှတ အိမ်ရာစီမံကိန်း ဝယ်ယူခွင့်ရထားသူများအနက် ငွေအကျေပေးသွင်းရန်ကျန်ရှိသူများ အနေနှင့် ဇွန် ၃ဝ ရက် နောက်ဆုံး ထားပေးသွင်းကြရမည်ဖြစ်ပြီး အဆိုပါ သတ်မှတ်ရက်အတွင်း ပေးသွင်းခြင်းမရှိပါက သဘောတူစာချုပ်ပါအတိုင်း ဒဏ်ကြေးများပါ ပေးဆောင်ရမည်ဖြစ်ကြောင်းရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာဌာန (အဆောက်အအုံ)၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့ နယ်၊ ၄၂ ရပ်ကွက်၊ ဗိုလ်မင်းရောင် လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့် မြေနေရာတွင် ဗိုလ်မင်းရောင်တန်ဖိုး မျှတ အိမ်ရာ စီမံကိန်းရှိ တိုက်ခန်း ၈ဝဝ ခန့်မှ ငွေအကျေပေးသွင်းပြီး အခန်း ၆၇ဝ ခန်းအား တိုက်ခန်း ဝယ်ယူခွင့်ရရှိသူများသို့ အခန်းသော့များအပ်နှံပြီး ဖြစ်သည်။

အဆိုပါ တိုက်ခန်းဝယ်ယူခွင့် ရရှိသူများ၏ ငွေပေးငွေယူ သဘော တူ စာချုပ်အပိုဒ် ၄ ပိုဒ်ခွဲ (က)တွင် တိုက်ခန်းတန်ဖိုးအားပေးသွင်းရမည့် ရက်မှ ၃ဝ ရက်အတွင်း ပေးသွင်း ရန်နှင့် ပေးသွင်းခြင်းမရှိပါက ကျော် လွန်သည့် ရက်တစ်ရက်လျှင် ငွေကျပ် ၁ဝဝဝဝ (ကျပ်တစ်သောင်း တိတိ) နှုန်းဖြင့် နောက်ကျဒဏ်ကြေး ပေးဆောင်ရမည်ဟုပါရှိပြီး ငွေပေးချေရမည့် အစီအစဉ်အား စာချုပ်တွင် ပူးတွဲဖော်ပြထားရာ သတ်မှတ်ရက်အတွင်း ပေးသွင်းခြင်းမရှိပါက သဘောတူစာချုပ်ပါအတိုင်း ဒဏ် ကြေးများပါပေးဆောင်ရမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်သတင်းတွင် ဖော်ပြပါရှိကြောင်း သိရသည်။

 ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ မဟာဗန္ဓုလအငှားအိမ်ရာ၊ ပထမ အဆင့်တိုက် ၁၈လုံး (၂၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၁၃၊ ၁၄၊ ၂၅၊ ၂၉၊ ၃၁၊ ၃၄၊ ၃၅၊ ၃၆၊ ၄၅၊ ၄၇၊ ၄၉၊ ၅ဝ) တွင် တိုက် ခန်းမဲပေါက်သူများအနေဖြင့် အိမ်ခန်းပေါ် တက်ရောက်နေထိုင်နိုင်ရေး အတွက် လာရောက်ဆက်သွယ်ရန်မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာ များတွင် ထည့်သွင်းကြော်ငြာပေးခဲ့သဖြင့် တိုက်ခန်းမဲပေါက်သူများ တိုက်ခန်း ၄၃၂ ခန်းအနက် ၃၆၅ ခန်းမှာ လာရောက်ဆက်သွယ်ခဲ့ပြီး ဖြစ်သော်လည်း အခန်း ၆၇ ခန်းမှာ ယနေ့တိုင် လာရောက်ဆက်သွယ် ဆောင်ရွက်ခြင်းမရှိဟုဆိုသည်။

ဆက်သွယ်ရန် ကျန်ရှိသူများအနေဖြင့် ဇွန် ၃ဝ ရက် နောက်ဆုံး ထား၍   မဟာဗန္ဓုလ အငှားအိမ်ရာစခန်းရုံး၊ အငှားအိမ်ရာအိမ်ခန်းနေရာ ချထားရေးနှင့် ကြီးကြပ်မှုကော်မတီ၊ဖုန်း ဝ၉-၄၂ဝ ၈၃၆၈၁၁ သို့ ဆက်သွယ် ဆောင်ရွက်ရန် ထုတ်ပြန် ကြေညာပေးခဲ့ပြီးဖြစ်ရာ သတ်မှတ် ရက်အတွင်း လာရောက် ဆက်သွယ်ခြင်းမရှိပါက အခန်းငှားရန်၊ နေထိုင်ရန် စိတ်ဝင်စားခြင်း မရှိဟုသတ်မှတ်ပြီးငှားရန်နေထိုင်ခွင့်ကိုပယ်ဖျက်၍ အခြားနေထိုင်လိုသူကို စိစစ်နေရာ ချပေးသွားမည်ဖြစ်ကြောင်း မဟာဗန္ဓုလ အငှားအိမ်ရာ၊ အိမ်ခန်း နေရာချထားရေးနှင့် ကြီးကြပ်မှုကော်မတီ၏ သတင်းထုတ်ပြန်ချက်များအရသိရသည်။

ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.