29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
သီလ၀ါအထူးစီးပွားရေးဇုန်တွင် မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် ခေတ်အမီဆုံး နိုင်ငံတကာအဆင့်မီ လောင်စာဆီသိုလှောင်စခန်း ဖွင့်လှစ်

သီလဝါအထူးစီးပွားရေးဇုန်တွင် မြန်မာနိုင်ငံ၏အကြီးဆုံးနှင့် ခေတ်အမီဆုံးနိုင်ငံ တကာအဆင့်မီ လောင်စာဆီသိုလှောင်စခန်းကို မေ ၆ ရက်က ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အဆိုပါလောင်စာသိုလှောင်စခန်း တည်ဆောက်ခဲ့သည့် Puma Energy Asia Sun ကုမ္ပဏီ၏ သတင်းများအရ သိရသည်။

အဆိုပါ လောင်စာဆီသိုလှောင်စခန်းသည် အခြေခံအဆောက်အအုံ၊ ခေတ်မီအရည်အသွေး ထိန်းချုပ်မှုလုပ်ငန်းများနှင့် ဓာတ်ခွဲစမ်းသပ်ခန်းများ၊ သိုလှောင်စခန်း၏ အရည်အသွေးကို အစဉ်အမြဲစစ်ဆေးထိန်း သိမ်းနေသည့် စနစ်များပါဝင်နေသဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးနိုင်ငံတကာအဆင့်မီ ဆီသိုလှောင် စခန်းတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ Puma Energy Asia Sun  ခေတ်မီ လောင်စာဆီသိုလှောင် စခန်းအား ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်သိုလှောင်ပို့ဆောင်ရေးနှင့် ဖြန့်ဖြူး ရောင်းချကုမ္ပဏီ Puma Energy နှင့် မြန်မာနိုင်ငံမှ Asia Sun Energy (ASE) ကုမ္ပဏီတို့မှ အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမေ ရိကန် ဒေါ်လာ ၉၂ သန်းရင်းနှီးမြှုပ်နှံတည်ဆောက်ထားခြင်းဖြစ်သည်။ အဆိုပါ Puma Energy Asia Sun  ခေတ်မီလောင်စာဆီသိုလှောင်စခန်း သည် မြန်မာနိုင်ငံ၌ စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို စတင်ခွင့်ပြုခဲ့ပြီးနောက် ပထမဆုံးဖွင့်လှစ်ခဲ့သည့် ဆီသိုလှောင်စခန်း တစ်ခု ဖြစ်ကြောင်း သိရသည်။

အဆိုပါ Puma Energy Asia Sun  ၏ လောင်စာဆီသိုလှောင်ကန် သည် ဆီကုဗမီတာ ၉၁ဝဝဝ သိုလှောင်ထားနိုင်စွမ်းရှိသည်။ အဆိုပါ လောင်စာဆီသိုလှောင်ကန်တွင် P.E.A.S(Puma Energy Asia Sun) ၏ လှောင်ဖြန့်ဖြူးရေးထောက်ပံ့ အဆောက်အအုံများကို မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် အမေရိကန် ရေနံအသင်း၏  စံနှုန်းများ (API)၊ အမေရိကန် အင်ဂျင်နီယာဆိုင်ရာစံနှုန်း (ASME)နှင့် အမျိုးသား မီး ဘေးအန္တရာယ်ဆိုင်ရာ နိုင်ငံတကစံနှုန်းများနှင့်အညီ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.