24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ဒလဘက်ကမ်းတွင် ပင်လယ်ပြင်ကို မျက်နှာမူကာ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်သွားမည်

ရန်ကုန်တစ်ဖက်ကမ်းရှိ ဒလ ဘက်ကမ်းတွင် ပင်လယ်ပြင်ကို မျက် နှာမူကာ အပြည်ပြည်ဆိုင်ရာ ဆိပ် ကမ်းနှင့် အထူးစီးပွားရေးဇုန် တည် ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံ တော် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းကိုယ်စား လှယ်များ၏ ဆဋ္ဌမအကြိမ်မြောက် လစဉ်ပုံမှန်တွေ့ဆုံပွဲ သတင်းများအရ သိရသည်။ အဆိုပါ တွေ့ဆုံပွဲကို ၂ဝ၁၇ ခုနှစ် မေလ ၂ဝ ရက်က ရန် ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပ ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းအ ပြင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ တိုးတက်များပြားလာစေရန်အတွက် ရန်ကုန်တွင် အထူးစီးပွားရေးဇုန်များ ထပ်မံတည်ဆောက်သွားမည်ဖြစ် ကြောင်း ယင်းတွေ့ဆုံပွဲတွင် ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏  ပြည်ပရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုများ၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍမှာလည်း တိုးတက်မြင့်မားလာခဲ့သည်။ ထို့အတူ ပြည်ပပို့ကုန်ကဏ္ဍများ တိုးတက်မြင့်တက်လာခဲ့သည်။ မြန်မာ နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ၊ ထုတ်ကုန်ကဏ္ဍ၊ ပို့ကုန်ကဏ္ဍများမှာလည်း ယခုထက်ပိုမို မြင့်တက်လာကာ အခြေအနေများလည်းရှိသည်။         ထို့အပြင် မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်တည်ရှိနေသဖြင့် ယူနမ်-ရန်ကုန်စင်္ကြန်လမ်းမကြီးပေါ်မှကုန်စည်များမှာ ရန်ကုန်အပြည်ပြည်ဆိုင် ရာ ဆိပ်ကမ်းများမှာတစ်ဆင့် တင်ပို့ နိုင်မည် ဖြစ်သည်။

အဆိုပါ အခြေအနေများကြောင့် ရန်ကုန်အထူးစီးပွားရေးဇုန်သို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင် ရောက်လာနိုင်ရာ ဆိပ်ကမ်းကဏ္ဍမှာ လည်း တိုးတက်မြင့်တက်လာရန် လိုအပ်လာမည်ဖြစ်သဖြင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့အနေနှင့် ဒလ ဖက်ကမ်းတွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တည်ဆောက်ရန် ပြည်ထောင်စုလွှတ် တော်သို့ အဆိုပြု တင်ပြသွားမည်ဖြစ် ကြောင်း သိရသည်။


ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.