29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
အိမ်ရာ ၀ယ်ယူရေးအတွက် ချေးငွေကာလကို ၂၀ နှစ်မှ ၃၀ နှစ်အထိ တိုးမြှင့်ဆောင်ရွက်ပေးရန် ညှိနှိုင်းဆောင်ရွက်နေ

အများပြည်သူ အိုးပိုင်အိမ်ပိုင်ဖြစ်လာစေရေးအတွက် အခက်အခဲ များဖြစ်နေဆဲဖြစ်သဖြင့် ချေးငွေကာလကို ၂ဝ နှစ်မှ ၃ဝ နှစ်အထိ တိုး မြှင့် ဆောင်ရွက်ပေးရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့၏ သတင်းများအရသိရသည်။

အများပြည်သူအတွက် အိမ်ရာလိုအပ်ချက်များအားဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အသင်းအဖွဲ့များမှ တန်ဖိုးနည်း အိမ်ရာ၊ တန်ဖိုးမျှတ အိမ်ရာနှင့် ဝန်ထမ်း အိမ်ရာများကို အကောင်အ ထည်ဖော်ပေးနေသော်လည်း ဖြည်း ဆည်းရရှိနိုင်သည့် မြေအရင်းအမြစ်၊ ဘဏ္ဍာရေးအရင်းအမြစ်နှင့် အများ ပြည်သူနှင့် ဝန်ထမ်း၊ အငြိမ်းစားဝန် ထမ်းများ၏ ဝယ်ယူနိုင်စွမ်းစသည့် အခက်အခဲများရှိနေဆဲပင်ဖြစ်ရာ အ များပြည်သူနှင့် ဝန်ထမ်းများ၊ အငြိမ်း စားဝန်ထမ်းများ အိုးပိုင်အိမ်ပိုင်ဖြစ် လာစေရေးအတွက် ချေးငွေကာလကို အနှစ် ၂ဝ နှစ်မှ အနှစ် ၃ဝ နှစ်အထိ တိုးမြှင့်ဆောင် ရွက်ပေးရန် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည် ထောင်စု အစိုးရနှင့် ညှိနှိုင်းဆောင် ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနအနေနှင့် အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝင်ငွေနည်းပြည်သူများ၊ နိုင်ငံ့ ဝန်ထမ်းများနှင့်အငြိမ်းစားဝန်ထမ်းများ နေထိုင်မှုအခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရေးနှင့် အိုးပိုင်အိမ်ပိုင်နှင့် နေထိုင်နိုင်ရေးအတွက် အဓိက ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ရာ အိုးပိုင်အိမ်ပိုင်နှင့် နေထိုင်နိုင်မှုနှင့် နေအိမ်အခန်းပိုင်ဆိုင်မှုမြင့် တက်လာစေရေးအတွက် ၂ဝ၁၄ ခုနှစ်တွင် ဆောက်လုပ်ရေးနှင့် အိမ် ရာဖွံ့ဖြိုးရေးဘဏ်ကို အကောင်အ ထည်ဖော်ဆောင်ရွက်ခဲ့ပြီး အိမ်ရာ တိုက်ခန်းများကို လက်ငင်းငွေချေစနစ်၊ အရစ်ကျငွေချေစနစ်၊ အပေါင် စနစ်များနှင့် ဝယ်ယူနိုင်ရန် ချေးငွေ များထုတ်ပေးခဲ့ကြောင်း သိရသည်။       

ချေးငွေကာလကို ၈ နှစ်မှ ၁ဝ နှစ်အထိ တိုးမြှင့်ဆောင်ရွက်ပေးခဲ့ သော်လည်း အဆိုပါ စနစ်များမှာ ကနဦးပေးသွင်းငွေ သုံးဆယ်ရာခိုင်နှုန်း Down Payment ပေးသွင်းရခြင်း၊ ချေးငွေကာလ တိုတောင်းခြင်း များကြောင့် ဝင်ငွေနည်း ပြည်သူများ၊ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအနေနှင့် အိမ်ရာတိုက်ခန်းများ ဝယ်ယူရေးအတွက် အခက်အခဲများ ဖြစ်နေခဲ့ကြသဖြင့် ချေးငွေကာလကို တိုးမြှင့်ဆောင်ရွက်ပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းဆောင် ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။

 

ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.