19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
စက်မှုဇုန်ထုတ် ဂျစ်ကားအစီး ၁၅၀ အတွက် လိုင်စင်ရရှိရေး စက်မှုဝန်ကြီးထံ တင်ပြတောင်းဆိုမည်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့စက်မှုဇုန်မှ ၂ဝ၁၈ နှင့် ၂ဝ၁၉ ခုနှစ်၊ နှစ်နှစ်အတွင်း ဂျစ်ကားအစီး ၁၅ဝ ထုတ်လုပ်မည်ဖြစ်ရာ၊ ယင်းစက် မှုဇုန်ထုတ် ဂျစ်ကားများတရားဝင် လိုင်စင်ရရှိရေးအတွက် စက်မှုဝန်ကြီးဌာနသို့ တင်ပြတောင်းဆိုထားကြောင်း ကလေးမြို့စက်မှုဇုန်စီမံခန့် ခွဲမှုကော်မတီမှ တာဝန်ရှိ ဦးကျော်မိုးကပြောသည်။

ကလေးစက်မှုဇုန်ထုတ်ဟိုင် မွာလ်ဂျစ်ခေါ်ဂျစ်ဘီလူးများကို လွန်ခဲ့သည့် အနှစ်သုံးဆယ်ဝန်းကျင်မှ စတင်အသုံးပြုမှုများပြားခဲ့ရာ ယခု မြန်မာနိုင်ငံနေရာအနှံ့လမ်းများ ကောင်းမွန်လာပြီး သွားလာသည့် ကားများလည်း အဆင့်မြင့်လာသော်လည်း ချင်းတောင်၊ နာဂတောင်တန်းနှင့် ဝေးလံခေါင်သီသည့် အရပ်ဒေသများနှင့် လမ်းပန်းဆက်သွယ်ရေး ကြမ်းတမ်းသောဒေသများတွင် ဟိုင်မွာလ်ဂျစ်ခေါ် ဂျစ်ဘီလူးများကို အ သုံးပြုမှုရှိနေသေးကြောင်း သိရသည်။

''ကျွန်တော်တို့ ဟိုင်မွာလ်ဂျစ်လို့ခေါ်တဲ့ ဂျစ်ဘီလူးတွေကို ချင်းတောင် ပေါ်ဒေသမှာတော့ မိုးရာသီမှာ မရှိမဖြစ်သွားလာသုံးစွဲနေကြရတုန်းပါ။ ရိဒ်နယ်စပ်ကုန်စည် ပို့ဆောင်ရေးကားသင်းတွေဆိုရင် မိုးရာသီရောက် လာပြီဆိုတာနဲ့ ဟိုင်မွာလ်ဂျစ်တွေ ပြေးဆွဲတယ်။ သူက ကုန်တင်လူစီးကားပါ။ လမ်းအတက်အဆင်းမှာ စိတ်ချရတယ်''ဟု ဦးကျော်မိုးက ပြောသည်။

ယခင်အစိုးရလက်ထက်က ကလေးမြို့ စက်မှုဇုန်ထုတ်ဂျစ်ကား ၅၃၇ စီးကို One Stop Services စနစ်ဖြင့် လိုင်စင်များ ထုတ်ပေးခဲ့ကြောင်းသိရပြီး၊ ၂ဝ၁၆-၂ဝ၁၇တွင် ကလေးစက်မှုဇုန်ထုတ်ဂျစ်ကားများကို လိုင်စင်ထုတ်ပေးနိုင်ရန် သက်ဆိုင်ရာ တို့မှ ဆောင်ရွက်မှုများရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သက် ဆိုင်ရာမှ လိုင်စင်ထုတ်ပေးရန် ကျန် ရှိနေသော ဂျစ်ကား ၉၅ စီးရှိကြောင်း သိရသည်။

''ကျွန်တော်တို့ စက်မှုဇုန်အနေနဲ့ အခုနှစ်လို့ပြောရမယ့် ၂ဝ၁၇ ခုနှစ်အတွက် ချပေးဖို့ကျန်တဲ့ လိုင်စင်က ၉၅ စီးနဲ့ ၂ဝ၁၈-၂ဝ၁၉ အတွက် ထုတ်မယ့် စုစုပေါင်းကားအစီး ၁၅ဝ လိုင်စင်ရရှိဖို့ စက်မှုဝန်ကြီးဌာနကိုတင်ပြ တောင်းဆိုထားပါတယ်''ဟု ကလေးမြို့ စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူးက ပြောသည်။

 

ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.