24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် အငြိမ်းစား အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အငြိမ်းစား ဝန်ထမ်းအိမ်ရာများ အကောင်အထည်ဖော်ဆောင် ရွက်ပေးသွား မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်စွမ်း အင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန မှ သတင်းရရှိသည်။ နိုင်ငံ ဝန်ထမ်းများ အငြိမ်းစားယူပြီးနောက် အိုး ပိုင်အိမ်ပိုင်ဘဝဖြင့် အခြေချနေ ထိုင်နိုင်စေရန် အဆိုပါ စီမံကိန်းကို လုပ်ဆောင် ရခြင်းဖြစ်ပြီး အမှုထမ်း အရာထမ်းများအနေဖြင့် မိမိရရှိသည့် လစာငွေနှင့် ကိုက်ညီ လျော်ကန် သော နေထိုင်မှုစနစ်ဖြစ် ပေါ်လာစေ ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းမှာ လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ဝန် ထမ်းအားလုံးအနက်၊ သုံးနှစ်အတွင်း အငြိမ်းစားယူမည့် ဝန်ထမ်း များကို ဦး စားပေး အရစ်ကျစနစ်ဖြင့် ရောင်းချ ပေးသွားမည်ဖြစ်သည်။ အဆိုပါ ဝန် ထမ်းများ  အငြိမ်းစားယူသွားပြီး  နောက်တွင်လည်း ကျန်ရှိနေသည့် အိမ်ဖိုးငွေများကို သားသမီးများက ဆက်လက်ပေးချေခွင့်ရရှိမည်ဖြစ် သည်။

အဆိုပါ အိမ်ရာများကို အကျယ် အဝန်းနှင့် တန်ဖိုးအလိုက် ဈေးနှုန်း များသတ်မှတ်ထားရာ စတုရန်းပေ ၄ဝဝ အကျယ်တစ်ဝန်း တစ်ခန်းလျှင် ငွေကျပ် သိန်း ၉ဝ၊ စတုရန်းပေ ၅ဝဝ အ ကျယ်တစ်ခန်းလျှင် ငွေကျပ် ၁၁၅ သိန်း၊ စတုရန်းပေ ၆ဝဝ အကျယ် တစ်ခန်းလျှင် ငွေကျပ်သိန်း ၁၄ဝ၊ စတုရန်းပေ ၁၇ဝ အကျယ် ငွေကျပ်သိန်း ၁၇ဝ၊ စတုရန်း ပေ ၉ဝဝ အကျယ် တစ်ခန်းလျှင် ငွေကျပ်သိန်း ၂ဝဝ သတ်မှတ်ထားပြီး ငွေပေးချေမှုကို ငါးနှစ်၊ ရှစ်နှစ်၊ ဆယ် နှစ်၊ ဆယ့်နှစ်နှစ်၊ ဆယ်ငါးနှစ်စသည် ဖြင့် အရစ်ကျပေးချေ ဝယ်ယူနိုင် ကြောင်း သိရသည်။

မန္တလေးသတင်း
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.