14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
သရက် ကုန်ချောထုတ် စက်ရုံများနှင့် ထုတ်ပိုးပစ္စည်း စက်ရုံများ ရှိလာသဖြင့် ယခုနှစ် သရက်သီးဈေးကွက် ပိုမို တွက်ခြေ ကိုက်လာနိုင်ဖွယ် ရှိနေ

သရက်ကုန်ချော ထုတ်လုပ် သည့် စက်ရုံများနှင့် သရက်ထုတ်ပိုး ပစ္စည်းစက်ရုံများ တည်ဆောက် လုပ် ကိုင်လာသဖြင့် ယခုနှစ် သရက်ရာသီ တွင် သရက်သီးဈေးကွက်ပိုမိုတွက် ခြေကိုက်လာနိုင်ဖွယ်ရှိနေကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်း ပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် သရက်သီး ပြည်ပတင်ပို့ရောင်းချနေ သည့် ဈေးကွက်သတင်းများအရ သိရ သည်။         

 မြန်မာ့ သရက်သီးများကို  တရုတ်နိုင်ငံကိုသာ အဓိကတင်ပို့ ရောင်းချနေရပြီး စင်ကာပူနှင့် ကိုရီး ယားနိုင်ငံသို့လည်း အနည်း ငယ် တင်ပို့ရောင်းချလျက်ရှိသည်။

 ပြည်ပသို့ တင်ပို့ရောင်းချရာ တွင်လည်း တရုတ်နိုင်ငံမှ ထုတ်ပိုး ပစ္စည်းများကိုပင် ဝယ်ယူထုတ်ပိုး ရောင်းချနေခဲ့ရသည်။

ယခုနှစ်တွင် သရက်သီး ကုန် ချောထုတ်စက်ရုံ ရှိလာသည့်အတွက် တရုတ်နိုင်ငံပေါက်ဈေးဖြင့် အများ အပြားရောင်းချနိုင် မည်ဖြစ်သကဲ့သို့ သရက်ထုတ်ပိုး ပစ္စည်းစက်ရုံမှလည်း သရက်သီးခြင်းများကို ဈေးနှုန်းချိုသာ စွာဖြင့် ထုတ်လုပ်ရောင်း ချပေးမည် ဖြစ်သည်။

ယခုနှစ်တွင် မြန်မာသရက်သီး နှင့် သရက်သီးအနှစ်ကို ကိုရီးယား နိုင်ငံမှ အများအပြား ဝယ်ယူရန် ကမ်းလှမ်းမှုများရှိနေ သကဲ့သို့ ရုရှား နိုင်ငံကလည်း သရက်သီးအနှစ်နှင့် သရက်သီးခြောက်များကို အများ အပြား ဝယ်ယူသွားမည်ဟုဆိုသည်။ သရက်သီးအနှစ်နှင့် သရက်သီး ခြောက်များကို ယခင်နှစ်က စမ်းသပ် တင်ပို့ခဲ့ရာမှ ဈေးကွက်အောင်မြင်မှု ရရှိခဲ့ရာ ယခု ထပ်မံမှာယူခဲ့ခြင်းဖြစ် သည်။ ယခုနှစ်တွင် ရာသီဥတု ဖောက်ပြန်မှုများကြောင့် သရက်သီး ထွက်ရှိမှုနှုန်းမှာလည်း လျော့ကျသွား နိုင်သည်ဟု ခန့်မှန်းနေကြသည်။         စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန သတင်းများအရ ဧပြီလ ၃ ရက်မှ ၁၉ ရက်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၂၅၃ သန်း တန်ဖိုးရှိ သရက်သီး ၇၄၃ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်း ချပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မူဆယ်နယ်စပ် ကုန်သွယ်ရေး ဈေးကွက်တွင် သရက် သီးအရွယ်အစားနှင့် အရည်အသွေး  အလိုက် တစ်ကီလိုလျှင် တရုတ်နိုင်ငံ သုံးငွေ ၅ ဒသမ ၃ ယွမ်မှရှစ်ယွမ် အထိ ရှိနေသည်။

သရက်သီး ကုန်ချောထုတ် အအေးခန်းစက်ရုံကို မန္တလေးတိုင်း ဒေသကြီးစဉ်ကိုင်မြို့တွင်လည်း ကောင်း၊ သရက်ခြင်း ထုတ်လုပ် သည့် စက်ရုံကို ပုသိမ်ကြီးမြို့နယ်တွင် လည်းကောင်း တည်ဆောက်ထားပြီး သရက်ကုန်ချောထုတ်စက်ရုံမှာ ယခုမေလ အတွင်း စတင်လည် ပတ် လုပ်ကိုင်သွားမည်ဖြစ်သည်။ အဆိုပါ သရက်ကုန်ချောထုတ်စက်ရုံမှ စိန်တစ်လုံး၊ ရင်ကွဲ၊ ရွှေဟင်္သာ စသည့်မြန်မာနိုင်ငံမှ ထွက်ရှိနေ သည့် သရက်သီးမျိုးစုံကို တရုတ်နိုင်ငံ ပေါက်ဈေးအတိုင်း ဝယ်ယူကာ အေး ခဲသရက်သီးအနှစ်၊ သရက်ပျဉ်၊ သရက်သီးရေခဲချောင်း၊ သရက်အ မျှင်ခြောက်၊ သရက်သီးဆားရည်စိမ်၊ သရက်သီး ဆားဖတ်ခြောက်များကို နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ  ထုတ်လုပ်ရောင်းချပေးသွားမည်ဖြစ် ပြီး သရက်ထုတ်ပိုးပစ္စည်း စက်ရုံမှ ၁၆ ကီလိုဆံ့ခြင်းတစ်ခြင်းလျှင် လက် ငင်း ၁၃ဝဝ ကျပ်၊ အကြွေး ၁၅ဝဝ ကျပ် ဈေးနှုန်းများဖြင့် သရက် တောင်သူများထံ အရောက်ပေးပို့ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.