24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းက ဘိုးဘွားများနှင့် မသန်စွမ်း ကလေးငယ်များအတွက် အဆောက်အအုံ ဆောက်လုပ်မည်

မန္တလေးမြို့တွင် အသက် ၇၅ နှစ်အထက် အဘိုးအဘွားများနှင့် မသန်မစွမ်းကလေးငယ်များအား ထိန်းသိမ်းစောင့်ရှောက်နိုင် မည့် အ ဆောက်အအုံတစ်ခုကို မန္တလေးမြို့ အခြေစိုက်ဗြဟ္မစိုရ်လူမှုကူညီရေး အသင်းမှ ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံကို မန္တလေး ချမ်းအေးသာစံမြို့နယ် ၆၂ လမ်းပေါ်ရှိ ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းနေရာတွင် သုံးထပ်ဆောင် ဆောက်လုပ်သွားမည်ဖြစ်ပြီး ဓမ္မစကူး သင်တန်းများ၊ သက်ကြီးရွယ်အို ဘိုးဘွားများအတွက် အခန်းများနှင့် မသန်စွမ်းကလေးငယ်များအတွက် အခန်းများပါဝင်မည်ဖြစ်ကြောင်း၊ အ ဆောက်အအုံကို မြေညီထပ်အတွက် သိန်း ၆ဝဝ ကျော်ဖြင့်လည်းကောင်း၊ ဒုတိယထပ်အတွက် ငွေကျပ်သိန်း ၅ဝဝ ဖြင့်လည်းကောင်း၊ တတိယ ထပ်အတွက် ငွေကျပ်သိန်း ၅ဝဝ ကျော်ဖြင့်လည်းကောင်း၊  အကုန် အကျခံ၍ တည်ဆောက်သွားမည် ကြောင်း သိရသည်။

လှူဒါန်းလိုသူများ အနေဖြင့် မန္တလေးချမ်းအေးသာစံမြို့နယ် ၆၂ လမ်း၊ တောင်စလင်းတိုက်အနီး၊ ဗြဟ္မစိုရ်လူမှုကူညီရေး အသင်းထံသို့  တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်း သိရသည်။

မန္တလေးသတင်း
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.