29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မြန်မာ - အိန္ဒိယနယ်စပ် တမူးမြို့တွင် ပေါက်ကွဲမှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ- အိန္ဒိယနယ်စပ် တမူးမြို့တွင် မေလ ၁၆ ရက် နံနက် ၂း၎ဝ နာရီခန့်က တမူးမြို့ ဈေးတန်းအ မှတ် ၁ဝ ရပ်ကွက်၊ အမှတ် ၉ အလကခွဲကျောင်း ရှေ့လမ်း၊ အိမ်အမှတ် (၁ဝ ဈ/ ဝ၅၄) နေဦးစံရှည် (ခ) ဦးထန်ခန့်ပေါင် ၅၉ နှစ် (ဘ) ဦးထောင်းဇဂင့်၊ အရောင်းအဝယ် လုပ်ကိုင်သူ၏ နေအိမ်ရှေ့ ခြံစည်းရိုးနှင့် နှစ်ပေခန့်အကွာ၌ ဒေသတွင်းလုပ်ဟု ယူဆရသော လက်လုပ်မိုင်းပေါက်ကွဲ ဖြစ်ပွားခဲ့ပြီး ယင်းနေအိမ် တောင်ဘက် ပေ ၄ဝ ခန့်အကွာ ဈေးတန်း၊ ၁ဝ ရပ်ကွက်၊ အိမ် အမှတ် (၁ဝ ဈ/၄၁) နေဦးကျင်နိုး၊ ၂၄ နှဏ် (ဘ) ဦးထောင် ခိုဂင်၊ အရပ်သားမီးစက်မောင်းလုပ်ကိုင်သူ၏ နေအိမ်ရှေ့ခြံစည်းရိုး အနီးတွင် လက်လုပ်မိုင်းဟု ယူဆရသည့် မိုင်းတစ်လုံးသည် ယင်းနေ့နံနက် ဝ၂းဝ နာရီတွင် နောက်ထပ်တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း တမူးမြို့ မြို့မရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် သတင်းများအရ သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ဦးစံရှည်၏ နေအိမ်ရှေ့ခြံစည်း ရိုးကာရံထားသော ခြောက်ပေသွပ် ခုနစ်ချပ်ပျက်စီးသွားပြီး၊ မြေပြင်တွင် အကျယ်တစ်ပေ၊ အနံခြောက်လက် မ မြေကျင်းတစ်ခုဖြစ်ပွားသွားကြောင်း သိရ သည်။ အလားတူ ဦးကျင်နိုးနေအိမ်တွင်လည်း ခြံစည်းရိုးကာရံထားသည့် သွပ် ငါး ချပ်ပျက်စီးပြီး တစ်ပေပတ်လည် အကျယ်နှင့် အနက်ခြောက် လက်မခန့် မြေကျင်းတစ်ခုဖြစ်ပေါ်သွားသည်။ ပတ်ဝန်းကျင်တွင် ရွေးစေ့အရွယ် ဘောစေ့များ ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အအုံထိခိုက်ဒဏ်ရာရရှိမှု မရှိ ကြောင်း သိရသည်။

''ကျွန်မတို့ တမူးမှာက နယ်စပ်နဲ့ နီးတဲ့အတွက် လူပေါင်းစုံ ဝင်ထွက်သွားလာတဲ့ နေရာဖြစ် လေတော့ မကြာခဏ ပစ်ခတ်မှုပေါက်ကွဲမှုတွေ ဖြစ်ပါတယ်။ တစ်ဖက်နိုင်ငံ တရားမဝင်အဖွဲ့တွေ ကလည်း ဝင်ရောက်ပစ်ခတ်မှု ဖောက်ခွဲမှုတွေရှိ တတ်သလို၊ တရားမဝင် အဖွဲ့အစည်းတွေရဲ့ လက်နက်မှောင်ခိုရောင်းဝယ်မှုတွေကြောင့်လည်း ပစ်ခတ်မှုပေါက်ကွဲ မှုတွေဖြစ် ရတာ မျိုးရှိပါတယ်။ အဓိကကတော့ တမူးမြို့ပေါ်မှာ နေထိုင်ရတဲ့ ပြည်သူတစ်ယောက်အနေနဲ့ ဥပဒေစိုးမိုးရေး၊ လုံခြုံမှုရှိရေး ကတော့ လိုအပ်ပါတယ်။ အခုပေါက် ကွဲတာဆိုရင် တမူးမြို့လယ်မှာ ဖြစ်ပါတယ်။ အသံကျယ်တဲ့အတွက် မြို့လူထုတွေ အထိတ် တလန့်ဖြစ်ကြရပါတယ်''ဟု တမူးမြို့ ဒေသခံ မသီတာဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီးအ ရေးယူနိုင်ရေးအတွက် တမူးခရိုင် အထွေထွေအုပ် ချုပ်ရေးတမူးခရိုင်ပြည်သူရဲတပ်ဖွဲ့မှ တာဝန်ရှိများ၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြန်မာ-အိန္ဒိယနယ်စပ်စည်းရိုးတစ်လျောက်တွင် ဒေသခံတပ်ရင်း တပ်ဖွဲ့များမှ လုံခြုံရေးတိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း တမူးခရိုင်အထွေ ထွေ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိ တစ်ဦးက ပြောသည်။

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.