19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဝေဘူလရွာကို မြို့အဆင့်တိုးမြင့်ဆောင်ရွက်မည်

စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နှင့် မိုင် ၃ဝ ဝန်းကျင်ဝေးပြီး၊ ချင်း ပြည်နယ် ဖလမ်းမြို့နယ် ဝေဘူလ တောင်ပေါ်တွင် တည်ရှိသည့် ဝေဘူ လရွာကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အတွင်း မြို့အဆင့်တိုးမြှင့် သတ်မှတ် နိုင်ရန်ဆောင်ရွက်လျက်ရှိရာ မြို့အ ဖြစ် သတ်မှတ်နိုင်သည့် လူနေအိမ် ခြေပြည့်မီပါက မြို့နှင့် သက်ဆိုင်သည့် ရုံးအဆောက်အအုံများ ဌာန များ ထားရှိသွား မည်ဖြစ်ကြောင်း ဖလမ်းခရိုင်အထွေထွေအုပ်ချုပ်ရေး ရုံးမှ တာဝန်ရှိတစ်ဦးက မေလ ၁၉ ရက်က ပြောသည်။

''မြို့အဖြစ် သတ်မှတ်ပေးဖို့ဆို တာက မြို့အဖြစ်ရှိသင့်ရှိထိုက်တဲ့ အဆောက်အအုံတွေ ဆောက်လုပ် နိုင်ဖို့ စတင်ဆောင် ရွက်နေပြီဖြစ်ပါတယ်။ ပြီးတော့ မြို့ကွင်းမြို့ကွက်ဖော် ပြဆိုတော့ မြေကွက်ရချင်တဲ့သူတွေ က နေရာယူတာမျိုးရှိတယ်။ အမှန် တကယ်နေထိုင်မယ့် သူမျိုးကိုပဲ မြေ ကွက်ချပေးမှာဖြစ်ပါတယ်''ဟု ဖလမ်း ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမိုဖော်စိုးက ပြောသည်။    

 မြို့ကွက်အဖြစ် ဖော်ဆောင်မည့် ဝေဘူလကျေးရွာတွင် မူလနေထိုင် သည့် အိမ်ထောင်စုပေါင်း ၁ဝ၅ ဦးရှိ နေပြီး၊ မြို့အဖြစ် သတ်မှတ်ရေးမှာ အိမ်ထောင်စုအနည်းဆုံး ၄ဝဝ မှ ၅ဝဝ အထိရှိရန် လိုအပ်ကြောင်းနှင့် မြို့မြေကွက်များ ချထားပေးရန် ဖလမ်းခရိုင်အဆင့်ဌာနဆိုင်ရာများ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ညှိ နှိုင်းဆောင်ရွက်လျက်ရှိကြောင်း ယင်း က ပြောသည်။

မြို့အဆင့်သတ်မှတ်မည့် ဝေဘူ လကျေးရွာသည်၊ ကလေး-နတ် ချောင်း-ဖလမ်းဆက်သွယ်သည့် ကား လမ်းမပေါ်တွင် တည်ရှိပြီး နယ်ချဲ့တို့ ချင်းပြည်နယ်ကို တိုက်ခိုက်သိမ်းယူ စဉ် ချင်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ဆွန်ပက်အသုံးပြုသွား လာခဲ့သည့် လမ်းမကြီးဖြစ်ပြီး ဒုတိယ ကမ္ဘာစစ် ကာလတွင် အင်္ဂလိပ်တို့ ထပ်မံ ဖောက်လုပ်ခဲ့သည့် လမ်းဖြစ်သည်။ ယင်းလမ်းမကြီးသည် ကလေးမြို့နယ် နတ်ချောင်းကျေးရွာမှ ဖလမ်းမြို့ အထိ ၅၇ မိုင်ဝေးသည်။

ချင်းပြည်နယ်တွင် ကလေးမြို့ နှင့် တစ်ဆက်တည်းရှိသည့် ခိုင်ကမ်း ရွာကိုပြီးခဲ့သည့်နှစ်က မြို့အဆင့်တိုး မြှင့်သတ်မှတ်ခဲ့ပြီး ယခုနှစ်တွင် ဝေ ဘူလကျေးရွာကို မြို့အဆင့်သတ် မှတ်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်သည် ယခု အခါမြို့ ၁ဝ မြို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ဝေဘူလရွာကို မြို့အဆင့် သတ်မှတ်ပြီးစီးပါက ချင်းပြည်နယ် တွင် မြို့ပေါင်း ၁၁ မြို့ဖြစ်လာမည် ဖြစ်သည်။

 ''ဝေဘူလကို မြို့အဆင့်သတ် မှတ်လိုက်မယ်ဆိုရင်၊ သည်ဘက်မှာ လမ်းပန်းဆက်သွယ်ရေးလည်းကောင်း မွန်တဲ့အတွက် ပြည်တွင်းပြည်ပ ခရီး သည်တွေ လာရောက်အပန်းဖြေ အနားယူနိုင်တဲ့ နေရာတစ်ခုဖြစ်လာ နိုင်ပါတယ်။ ပြီးတော့သည်ဘက် က ကလေး-သိုင်းငင်း-ကနေဒီလမ်းထက် သစ်တောသစ်ပင်တွေ သဘာဝ အတိုင်းရှိသေးတယ်။ ရာသီဥတု လည်း သာယာတယ်။ ခဏအတွင်း စည်ကားလာနိုင်တဲ့ နေရာဖြစ်ပါ တယ်''ဟု ဝေဘူလရွာဒေသခံ ဦးဗန် ကျီးက ပြောသည်။

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.