29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မန္တလေး၌ အသေးစား အလတ်စားလုပ်ငန်းရှင်များ သိန်း ၁ဝဝ ဆု လျှောက်ထားနိုင်

မန္တလေးတိုင်းဒေသကြီးအတွင်း အသေးစားနှင့် အလတ်စား လုပ်ငန်း များ SME အတွက် KBZ MRCCI SME AWARD WINNER သိန်း တစ်ရာဆု လျှောက်ထားသူများကို ရွေးချယ်ဆုပေးလျက်ရှိရာ လျှောက် ထားသူ ၁ဝ ဦးကျော်ရှိသည့်အနက် လက်ရှိ အနေအထားတွင် ဆန်းမီယိုစုံ လုပ်ငန်းနှင့် Orient Mandalay IT Solution ကုမ္ပဏီတို့ကို ဆုနှစ်ဆု ရွေးချယ်ပေးခဲ့ပြီး ကျန်ရှစ်ဦးကိုလည်း ဆက်လက်ရွေးချယ်ပေးမည်ဖြစ် ကြောင်း သိရသည်။

ကျန်ရှိနေသေးသော ဆုများအ တွက် မန္တလေးတိုင်းဒေသကြီးအတွင်း ရှိ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းရှင် များအနေဖြင့် မေလ ၃ဝ ရက် နောက်ဆုံးထား၍ MRCCI ထံ သို့ လာရောက်လျှောက်ထားနိုင် ကြောင်း သိရသည်။

ဆုများကို ကုန်ထုတ်လုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း သယ်ယူပို့ ဆောင်ရေးလုပ်ငန်း ဝန်ဆောင်မှုလုပ် ငန်း၊ ICT သင်တန်း အချက်အလက် နှင့် နည်းပညာလုပ်ငန်း၊ မြန်မာ့ရိုးရာ အစားအစာနှင့် အဖျော်ယမကာ လုပ်ငန်းတို့ကို ဦးစားပေးရွေးချယ် မည်ဖြစ်ကြောင်းနှင့် ဆုရွေးချယ်ချီး မြှင့်ခံရသော လုပ်ငန်းရှင်များကို လည်း ဆုငွေကို ငွေသားသိန်းတစ်ရာ ကို ပေးအပ်မည် မဟုတ်ဘဲ လုပ်ငန်း အတွက် အမှန်တကယ်လိုအပ်သော စက်ကိရိယာနှင့်  ပစ္စည်းများကို  ဝယ် ယူပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆုကို ကမ္ဘောဇဘဏ် လီမီတက်မှ ပံ့ပိုးကူညီပေးခြင်းဖြစ်ပြီး ဆုရွေးချယ်ပေးအပ်ရာတွင် MRCCI အသင်းဝင်သူများ ကိုသာ MRCCI မှ ရွေးချယ်ထောက်ခံပေးမည်ဖြစ်ပြီး KBZ မှ တာဝန်ရှိသူများက စိစစ် ကြီးကြပ်၍ ဆုပေးမည်ဖြစ်ကြောင်း၊ အဆိုပါဆုနှင့် ပတ်သက်၍ အသေး စိတ်သိရှိလိုပါက MRCCI ရုံးခန်း၊ ရတနာပုံစူပါစင်တာ စတုတ္ထထပ၊် ဖုန်း ဝ၂-၆၉၃၂၆၊ ဝ၂-၆၉၃၁ဝ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရ သည်။

မန္တလေးသတင်း
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.