24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
လေပြင်း တိုက်ခတ်မှုများကြောင့် ကလေးဒေသ စိန်တစ်လုံး သရက်ခြံများတွင် သရက်သီးကြွေလွင့် ပျက်စီးမှုများ ရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နယ်တွင် မကြာခဏ လေပြင်း တိုက်ခတ်မှုများကြောင့် သရက်ကိုင်း ကျိုးကျခြင်း၊ သရက်သီးများ ကြွေလွင့် ပျက်စီးမှုများ ဖြစ်ပေါ်နေရာ ကလေး ဒေသတွင်း စိန်တစ်လုံး သရက်ခြံများ မှ ယခုနှစ် သရက်သီး အထွက်နှုန်း နည်းပါးနိုင်ကြောင်း သရက်ခြံပိုင်ရှင် ဦးအုန်းမြင့်လေးက မေ ၁၆ ရက်က ပြောသည်။

ကလေးဒေသတွင် ၁၉၉ဝ ဝန်း ကျင်မှ အစပြု၍ စိန်တစ်လုံး သရက် စိုက်ပျိုးမှုများပြားခဲ့ရာ ၂ဝဝဝ ပြည့် လွန်နှစ်များမှ စတင်၍ ကလေးဒေသ ထွက် စိန်တစ်လုံးသရက်သီးများကို ဈေးကွက်ရှိရာသို့ တင်ပို့ရောင်းချခဲ့ ကြောင်း ဒေါ်လှ၊ ကလေးမြို့သစ်သီး စုံ ရောင်းဝယ်ရေးက ပြောသည်။

''သရက်သီး အကင်းထိုးချိန်က စတင်ပြီး လေပြင်းတိုက်ခတ်မှုတွေရှိ နေတဲ့အတွက် သရက်ခြံတွေမှာ အ သီးကင်းကြွေကျ ပျက်စီးမှုတွေရှိတယ်။ အခုသရက်သီးပေါ်ဦးပေါ်ဖျား ရာသီ မှာလည်း ကလေးဒေသမှာ လေပြင်း မုန်တိုင်းက မကြာခဏ ကျရောက်နေ တဲ့အတွက် သရက်ကိုင်းကျိုးကျပျက် စီးတာတွေ့ရှိတယ်။ သရက်သီးကြွေ ကျမှုတွေများတဲ့အတွက် အခုနှစ် ကလေးဒေသက စိန်တစ်လုံး သရက် သီးအထွက်နှုန်းနည်းပါးနိုင်ပါတယ်'' ဟု ဦးအုန်းမြင့်လေးက ပြောသည်။

ကလေးဒေသထွက် သရက်သီး များကို မြန်မာ-အိန္ဒိယနယ်စပ်ရိဒ်နှင့် တမူးနယ်စပ်တို့မှ အများဆုံးဝယ်ယူမှု ရှိပြီး၊ လက်ရှိပေါက်ဈေးပေါ် မူတည် ၍ မုံရွာ-မန္တလေး-ပခုက္ကူ-ချင်း တောင်ပေါ်ရှိ မြို့ကြီးများသို့ တင်ပို့ ရောင်းချကြောင်း သိရသည်။ ကလေး မြို့နယ်တွင် သရက်ခြံစိုက်ပျိုးလုပ် ကိုင်သူဦးရေ ၄ဝ ဝန်းကျင်အထိ ရှိ လာပြီး သရက်ခြံစိုက်ပျိုးသူတစ်ဦး လျှင် စိုက်ဧက ၁ဝ ဧကမှ ဧက ၅ဝ အထိ စိုက်ပျိုးမှုရှိကြောင်း ဦးအုန်းမြင့် လေးက ပြောသည်။

ကလေးဒေသထွက် စိန်တစ်လုံး သရက်ကို အိန္ဒိယနိုင်ငံနယ်စပ်သို့ တင်ပို့ရောင်းချလျှင် ထင်းရှူးသေတ္တာ ဖြင့် တင်ပို့ပြီး မန္တလေးမှ တစ်ဆင့် တရုတ်နယ်စပ်သို့ တင်ပို့သည့်အခါ ၁၆ ကီလိုဂရမ်အလေးချိန်ရှိ ခြင်း တောင်းကလေးများဖြင့် ထုတ်ပိုးတင် ပို့ကြောင်း သိရသည်။ ယခုရက်ပိုင်း ကလေးမြို့ စိန်တစ်လုံးသရက်ဈေး ကွက်တွင် သရက်သီးအလုံးလှလှ တစ်လုံးကို ၇ဝဝ ကျပ် ဖြင့် ရောင်းချ နေပြီး သုံးလုံးကို ၂ဝဝဝ ကျပ်ဖြင့် ဖောက်သည်ဈေးပေးကြောင်း သိရ သည်။ 

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.