22-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1016
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ချင်းပြည်နယ် မြန်မာ - အိန္ဒိယ နယ်စပ် ကုန်သွယ်ရေး စခန်း ရိဒ်နယ်စပ် ရောင်းဝယ်ရေး အိန္ဒိယဘက်မှ ပြန်လည် ဖွင့်လှစ်

မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးတွင် တမူးနယ်စပ်ရောင်း ဝယ်ရေးပြီးလျှင် ဒုတိယအကြီးမားဆုံး အရောင်းအဝယ် ဖြစ်သော ချင်းပြည် နယ် ရိဒ်နယ်စပ်ရောင်းဝယ်ရေးကို အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်မှ ဧပြီလ ၁၃ ရက်မှ စတင်ပိတ်ထားခဲ့ရာ ယခု  မေလ ၉ ရက်မှစ၍ ပြန်လည် ဖွင့် လှစ်ပြီဖြစ်ကြောင်း နယ်စပ်ကုန်သည် ကြီးများ အသင်းရုံးမှ တာဝန်ရှိက မေ ၁၅ ရက်က ပြောသည်။

ချင်းပြည်နယ် ဖလမ်းခရိုင် ရိဒ်နယ်စပ်တစ်ဖက်ကမ်း အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုခေါဒါရ်ရှိ တရားဝင်လုပ်ကိုင်နေသည့် အလုပ် သမားများနှင့် ပြင်ပ အလုပ်သမား ခေါ် ကြားပေါက်အလုပ်သမားတို့အကြား ပဋိပက္ခများဖြစ်ပေါ်ခဲ့ရာ မီဇို ရမ်ကျန်ဖိုင်း အုပ်ချုပ်ရေးမှူးမှ နယ်စပ် သွားလာရောင်းဝယ်မှုကို ခေတ္တပိတ် ထားခဲ့ခြင်းဖြစ်သည်။

 ''နယ်စပ်သွားလာရောင်းဝယ် ရေးနဲ့ ပတ်သက်ပြီး မြန်မာဘက်က နယ်စပ်ရောင်းဝယ်ရေး တာဝန်ရှိသူ တွေက အိန္ဒိယနိုင်ငံ ဇိုခေါဒါရ်ဘက် သွားပြီး တစ်ဖက်က အုပ်ချုပ်ရေးမှူး တွေနှင့် ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီး အဆင်ပြေတဲ့အတွက် အခုနယ်စပ် ကို ပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ အခုတော့ မြန်မာဘက်က ကုန်သည်တွေ ဈေးသည်တွေ နေ့စဉ် အရောင်းအဝ ယ်ပုံမှန်ဖြစ်နေသလို တစ်ဖက်နိုင်ငံက လာတဲ့ဈေးသည် ဈေးဝယ်တွေလည်း သည်ဘက်မှာ အရောင်းအဝယ်လုပ်ကိုင်နေကြပါ တယ်။ ပုံမှန်အနေအထားကို ရောက် သွားပြီဖြစ်ပါတယ်''ဟု နယ်စပ်ကုန် သွယ်ရေးစခန်းမှ တာဝန်ရှိတစ်ဦးက ပြောသည်။

နယ်စပ်ကုန်သွယ်ရောင်းဝယ် ရေး အဆင်ပြေမှုရရှိရန် မြန်မာဘက် မှ ရိဒ်ကုန်သွယ်ရေးစခန်းမှ လက် ထောက်ညွှန်ကြားရေး မှူး ဦးဇေယျာ ကျော်ကျော်၊ နယ်စပ် အကောက်ခွန် မှူး ဦးမျိုးဇော်ဦး၊ ရဲအုပ်ဇော်ဇော် ကျော်၊ လဝကမှူး ဦးတေဇာလင်းနှင့် ရိဒ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်း အောင်တို့အဖွဲ့နှင့် တစ်ဖက်နိုင်ငံဇို ခေါဒါရ်အုပ်ချုပ်ရေးမှူး (Pu Khua Hlum) တို့ နှစ်ဖက်တွေ့ဆုံပြီး နယ် စပ်ရောင်းဝယ်ရေး ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။ မေလ ၁ဝ ရက်မှစတင်၍ နယ်စပ်ရောင်းဝယ်ရေး စတင်သက် ဝင်လှုပ်ရှားနေပြီဖြစ်ကြောင်း သိရ သည်။

ရိဒ်နယ်စပ်ကုန်သွယ်ရေး စခန်း မှ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်အမေရိကန်ဒေါ်လာ ၉ ဒသမ ၅၃ဝ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၅ ဒသမ ၄၁၁ သန်း၊ စုစု ပေါင်း ကုန်သွယ်မှုပမာဏ အမေရိ ကန်ဒေါ်လာ ၁၄ ဒသမ ၉၄၁ သန်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ပို့ ကုန်အမေရိကန်ဒေါ်လာ စုစုပေါင်း ကုန်သွယ်မှုပမာဏအမေရိကန်ဒေါ် လာ ၅ ဒသမ ၈၂၈ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၂၆ ဒသမ ဝ၈၃ သန်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန် အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၉၉၆ သန်း သွင်းကုန်အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၂၂၃ သန်း၊ စုစု ပေါင်း အမေရိကန်ဒေါ်လာ ၄ဝ ဒသမ ၂၁၉ သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.