14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
သိမ်ကြီးဈေး စီရုံအား အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်

ရန်ကုန်မြို့ရှိ သိမ်ကြီးဈေး စီရုံ အား အဆင့်မြှင့်တင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ သတင်းများအရ သိရသည်။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့ တော်စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိဈေး ၂၁ ဈေးအား အဆင့် မြှင့်ရေး စီမံချက်အရ ရန်ကုန်မြို့ သိမ်ကြီးဈေး စီရုံဈေးအား ပထမဦး စာပေးအဆင့် အနေနှင့် အဆင့်မြှင့် တင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 ဈေးများကို အဆင့်မြှင့်တင် တည်ဆောက်ရာတွင် ဘတ်ဂျက် ဘောင်အတွင်းမှ လုပ်ကိုင်ဆောင် ရွက်ခြင်းမပြုဘဲ(Public Private Partnership-PPP) စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သိမ်ကြီးဈေးစီရုံအားပြန်လည် အဆင့်မြှင့်တင် တည်ဆောက်ရာတွင် ဈေး၏ ဒီဇိုင်းပုံစံကို မြန်မာနိုင်ငံ ဗိသုကာအသင်း၏  အစီ အစဉ်ဖြင့် ပြိုင်ပွဲခေါ်ယူ ရွေးချယ်ပြီး တင်ဒါ ခေါ်ဆောက်လုပ်သွားမည် ဖြစ်သည်။ ယခုဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင် တည်ဆောက်သွားမည့် ဈေး ၂၁ ဈေးအနက် ပထမဦးစားပေး ပြန်လည် အဆင့်မြှင့်တင်တည်ဆောက် မည့်ဈေးများတွင် ကြည့်မြင်တိုင် ည ဈေးနှင့် မင်္ဂလာတောင်ညွှန့်စံပြည ဈေးများလည်းပါဝင်သည်။ ကြည့်မြင် တိုင်ညဈေးကို ဈေးသစ်အဖြစ်ပြန် လည်တည်ဆောက်သွားမည်ဖြစ် သည်။

လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာန လက်အောက် တွင် ဈေးပေါင်း ၁၇၆ ဈေးရှိကြောင်း သိရသည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.