25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ပိန်းရိုးခြောက်များ ကိုရီးယားနိုင်ငံသို့ တင်ပို့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
BPI အမှတ်တံဆိပ် ဆေးဝါးများ ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း ထုတ်လုပ်မည်

စက်မှုဝန်ကြီးဌာနက ထုတ်လုပ် နေသည့် BPI အမှတ်တံဆိပ် ဆေးဝါးများကို ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူး ပေါင်း ထုတ်လုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန သတင်းများအရ သိရသည်။

စက်မှုဝန်ကြီးဌာနအနေနှင့် BPI အမှတ်တံဆိပ်ဆေးများကို ရန်ကုန်မြို့ နှင့် ကျောက်ဆည်မြို့ရှိ ဆေးဝါးစက် ရုံများမှ ထုတ်လုပ်နေခြင်းဖြစ်သည်။ အဆိုပါ စက်ရုံများမှ ယခု (၂ဝ၁၆-၂ဝ၁၇) ဘဏ္ဍာနှစ်တွင် စက်ရုံနှစ်ခု ပေါင်း ထုတ်လုပ်မှု စုစုပေါင်း ငွေကျပ် ၃၈ ဘီလီယံဖိုးအထိ ထုတ်လုပ်သွား ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိ သည်။ ယခုဘဏ္ဍာနှစ်အတွက်လည်း ဆေးဝါးအမှာစာများ လက်ခံရရှိနေ ပြီဖြစ်သည်။ အဆိုပါ ဆေးဝါးအမှာ စာများအနက် ကျန်းမာရေးနှင့် အား ကစား ဝန်ကြီး ဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ ဆေးရုံ များ၏ အမှာစာများပင် ငွေကျပ် ၄၈ ဘီလီယံဖိုးအထိရှိပြီး အခြား ပုဂ္ဂလိက ဝယ်လိုအားအနေနှင့်လည်း ငွေကျပ် ၆ဝ ဘီလီယံဖိုးအထိရှိနေပြီဖြစ်သဖြင့် ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း ထုတ်လုပ်ဆောင်ရွက်သွားရန် စီမံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာနအနေနှင့် ပုဂ္ဂလိကကုမ္ပဏီများကို ဆေးဝါး ထုတ်လုပ်နိုင်ရန်အတွက် ၂ဝ၁၁ ခုနှစ်က ထုတ်လုပ်မှုလိုင်စင် ၇ ခုကို ချထားပေးခဲ့ပြီး လက်ရှိစက်ရုံနှစ်ခု လည်ပတ်နိုင်ရန် စီမံဆောင်ရွက် လျက်ရှိနေသည်။  

သီလဝါစက်မှုဇုန်တွင်လည်း နိုင်ငံခြား စက်ရုံနှစ်ခုဆောက်လုပ်နေ ပြီဖြစ်သည်။ ထို့အပြင် ကင်ဆာ ရောဂါဝေဒနာရှင်များ အတွက် နာ ကျင်ကိုက်ခဲမှု သက်သာစေသည့် ဆေးဝါးများထုတ်လုပ်ရန်အတွက် လိုအပ်သည့် မော်ဖင်းကို ပြည်ပမှ ဝယ်ယူ တင်သွင်းကာ ကိုဒင်းအတွက် လိုအပ်သည့် ဘိန်းစိမ်းကီလို ဂရမ်  ၆၅ဝဝ ရရှိရေးအတွက်ကိုလည်း ပြည် ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းတောင်း ခံထားပြီးဖြစ်သည်။ ထို့အပြင် ခုခံ အားကျဆင်းမှုရောဂါ နှင့် Hepatitis B ရောဂါများအတွက် ကုသဆေး များဖြစ်သည့် Tenofovir (300 mg) အတွက် ဆေးဝါးထုတ်လုပ်မှုနည်း ပညာကို အိန္ဒိယနိုင်ငံမှ ဝယ်ယူ၍ ဆေးဝါးစက်ရုံ (ရန်ကုန်) ၌ စမ်းသပ် ထုတ်လုပ်လျက်ရှိနေပြီး  FDA လိုင် စင်ရရှိရန်ဆောင်ရွက်နေကြောင်း သိ ရသည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.