23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ထားဝယ် အထူး စီးပွားရေး ဇုန်မှ မြန်မာ - ထိုင်းနယ်စပ်ဒေသ အထိ နှစ်လမ်းသွား မော်တော်ကားလမ်း ဖောက်လုပ်သွားမည်

ထားဝယ်အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်းနယ်စပ်ဒေသအထိ နှစ်လမ်းသွားမော်တော်ကားလမ်းဖောက် လုပ်သွားမည်ဖြစ်ကြောင်း မတ်လ ၂၄ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ကျင်းပခဲ့သော အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ''ထားဝယ် အ ထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်း နယ် စပ်အထိ ဖောက်လုပ်သည့် နှစ်လမ်း သွားကားလမ်း တည်ဆောက်ရေး ညှိနှိုင်းအစည်းအဝေး'' သတင်းများ အရ သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန် တွင် ကနဦး စီမံကိန်းကိုးခုရှိသည့်အ နက် ထားဝယ်အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်းနယ်စပ်အထိ ဖောက် လုပ်မည့်နှစ်လမ်းသွား ကားလမ်း တည်ဆောက်ရေးစီမံကိန်းသည် တစ်ခုအပါအဝင်ဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန် အား အကောင်အထည်ဖော်နိုင်ရေး အတွက် အခြေခံ အဆောက်အအုံ များဖြစ်သော လမ်းပန်း ဆက်သွယ် ရေး ကောင်းမွန်ရန်နှင့် ရေ၊ လျှပ်စစ် မီးများ ရရှိရန် အရေးကြီးပြီး လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေရေးအ တွက် ထားဝယ် အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်း နယ်စပ်ဒေသအထိ နှစ် လမ်းသွား မော်တော်ကားလမ်းဖောက် လုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထားဝယ်အထူးစီးပွား ရေးဇုန်နှင့် ပတ်သက်၍ ကနဦး လုပ် ငန်းဆောင်ရွက်ခွင့်ရရှိသည့် ကုမ္ပဏီ မှာ ထိုင်းနိုင်ငံမှ အီတာလျံ-ထိုင်း ကုမ္ပဏီဖြစ်သည်။      

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.