25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေး ခရိုင်အတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း သစ်ထုတ်လုပ်ခွင့်ပြုမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက် နိဗ္ဗာနမဂ္ဂကာရီ နှစ်ကျိပ်ရှစ်ဆူ ဓမ္မာရုံတော်ကြီး ဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်း မြို့နယ်၊ ကျိုက္ကဆံရပ်ကွက်လုံးဆိုင်ရာ နိဗ္ဗာနမဂ္ဂကာရီ သုံးထပ်ဓမ္မာရုံတော် ကြီး ဖွင့်ပွဲကို မတ်လ ၃၁ ရက် နံနက် ပိုင်းက အဆိုပါ ဓမ္မာရုံ၌ ကျင်းပခဲ့ သည်။

အဆိုပါ ဓမ္မာရုံကို ခြောက်ထပ် ကြီး ဘုရားကြီး ကျောင်းတိုက်၊ ဝိမုတ္တိ သုခကျောင်းတိုက် ဆရာတော် ဦးသဒ္ဓိက အမှူးပြု၍ ဓမ္မာရုံကြီး၏ နာယက သမားတော်ကြီး၊ ဒေါက်တာ ဦးကျော်စိန် (မိုးကုတ်ဦးကျော်စိန်)၊ အငြိမ်းစား ညွှန်ကြားရေးမှူး ဦးကျော်၊ ဓမ္မာရုံ ဥက္ကဋ္ဌ ဦးကိုကိုလေး (ရန်ကင်း ကိုကိုလေး)၊ မတည်အလှူငွေကျပ် သိန်း ၁ဝဝ အလှူရှင် ရွှေစင်မေ စတိုးနှင့် အီလက်ထရွန်းနစ်၊ Myanmar Zenith one Star Co.ltd မန်းနေဂျင်းဒါရိုက်တာ ဦးကျော်မျိုးခန့် တို့က ရွှေကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အနုပညာရှင်များက ဓမ္မတေးများဖြင့် ပူဇော်ဂုဏ်ပြုခဲ့ကြသည်။

အဆိုပါ ဓမ္မာရုံကြီးမှာ ၁၉၅ဝ ပြည့်နှစ် ဒီဇင်ဘာ ၂၅ ရက်က တည် ထောင်ခဲ့သော ဓမ္မာရုံကြီးဖြစ်ပြီး ၂ဝ၁၇ ခုနှစ် ဇူလိုင်လ ၂၇ ရက်မှ စတင်၍ အသစ်ပြန်လည်တည် ဆောက်ခဲ့ခြင်းဖြစ်သည်။ မတည် အလှူရှင်များ၊ ရပ်ကွက်အတွင်းမှ အလှူရှင်များ၏ လှူဒါန်းငွေ ကျပ် ၈၉၆၄၆၂ဝဝ ဖြင့် တည်ဆောက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

မောင်ဘစီ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.