27-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အလုပ်အကိုင်လိုနေသည့် ရခိုင်လူငယ်များ ရွှေကျား ရက်ကန်းထည်လုပ်ငန်း အလုပ်ရုံတွင် လာရောက်လျှောက်ထားနိုင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1021
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်ရှိ ကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများကို ဧပြီလမှ စတင်၍ ထောက်ပံ့စရိတ်များ တိုးမြှင့်ထောက်ပံ့ပေးသွားမည်

လူမှုဝန်ထမ်းဦးစီးဌာန လက်  အောက်ရှိကျောင်းများတွင် တက် ရောက်နေသည့် ကျောင်းသား ကျောင်းသူများကို ၂ဝ၁၇ ခုနှစ် ဧပြီ လမှစတင်၍ ထောက်ပံ့စရိတ်များ တိုးမြှင့်ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ၏ ပြောကြားချက်များအရ သိရ သည်။

လူမှုဝန်ထမ်းဦးစီးဌာနလက် အောက်တွင်ရှိနေသည့် ကျောင်းသား ကျောင်းသူများအား ယခုမတ်လကုန် အထိ တစ်နေ့လျှင်  ၄၃၂ ကျပ်    ၁ဝ ပြားသာ ထောက်ပံ့ပေးနေ ခဲ့ရာ ၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်မှ စတင်၍ တစ်နေ့လျှင် ငွေကျပ် တစ်ထောင်ကျပ်အထိ  တိုးမြှင့် ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ထိုကဲ့သို့ လူမှုဝန်ထမ်းဦးစီးဌာန လက် အောက်ရှိ ကျောင်းများတွင် တက် ရောက်နေကြ သည့် ကျောင်းသား ကျောင်းသူများ၏ တစ်နေ့တာ ထောက်ပံ့စရိတ်တိုးမြှင့်ပေးရန်အ တွက် ၂ဝ၁၇ ခုနှစ် မတ် ၂၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထအကြိမ် အစည်းအဝေး၊ တတိယနေ့တွင်  တာမွေ မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းက မေတ္တာညွှန့်ရပ်ကွက်တွင်ရှိနေသည့် နားမကြားကျောင်းမှ ကျောင်း သားကလေးများအား တစ်နေ့တာ ထောက်ပံ့ငွေစရိတ်တိုးမြှင့်ပေးနိုင်မှု ရှိ မရှိနှင့် ပတ်သက်သည့် မေးမြန်းမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းမှ ပြန် လည်ဖြေကြားရာတွင် ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး လူမှုဝန် ထမ်းဦးစီးဌာနလက်အောက်ရှိ ကျောင်း ၁၄ ကျောင်းမှာ ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်း၊ သံလျင်လူ ငယ်သင်တန်းကျောင်း၊ ငှက်အော် စမ်းလူငယ်သင်တန်းကျောင်း၊ ထောက်ကြံ့ အမျိုးသမီးကလေးသင် တန်းကျောင်း၊ အမျိုးသမီးကလေး သင်တန်းကျောင်း (မရမ်းကုန်း)၊ အမျိုးသမီး အသက်မွေးအတတ် ပညာသင်တန်းကျောင်း (နတ်မောက် လမ်း)၊ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး ဌာန (အင်းယား)၊ အမျိုးသမီး စောင့် ရှောက်ရေးဌာန (တွံတေး)၊ ကလေးပြု စုရေးဌာန (ရွှေဂုံတိုင်)၊ တာမွေနား မကြားကျောင်း၊ ကြည့်မြင်တိုင် မျက်မမြင်ကျောင်း၊ မသန်စွမ်းသက် ကြီးသင်တန်းကျောင်း (ကျိုက်ဝိုင်း)၊ မသန်စွမ်း သူနာပြုစောင့်ရှောက်ရေး ဂေဟာ  (ကျိုက်ဝိုင်း)၊ သန်စွမ်းသက် ငယ်သင်တန်းကျောင်း (ကျိုက်ဝိုင်း) များဖြစ်ကြောင်း သိရသည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.