27-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အလုပ်အကိုင်လိုနေသည့် ရခိုင်လူငယ်များ ရွှေကျား ရက်ကန်းထည်လုပ်ငန်း အလုပ်ရုံတွင် လာရောက်လျှောက်ထားနိုင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1021
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မန်းသင်္ကြန် ခရီးသွားမဏ္ဍပ်၌ ဝါသနာရှင်များအတွက် သင်္ကြန် သီချင်း အဆိုပြိုင်ပွဲ ကျင်းပမည်

မန္တလေးယဉ်ကျေးမှု လမ်း လျှောက်သင်္ကြန်တွင် ပထမဆုံး အကြိမ်ဝါသနာရှင် အဆင့်သင်္ကြန် သီချင်းပြိုင်ပွဲကို  မန္တလေး ခရီးသွား လုပ်ငန်း မြှင့်တင်ရေးအစီအစဉ်မှ မန္တလေးခရီးသွား မြှင့်တင်ရေး ကော်မတီ ဗဟိုမဏ္ဍပ်တွင် ထည့်သွင်းကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

သင်္ကြန်တေးသီချင်း အဆိုပြိုင်ပွဲ ကြီးကို ၂၆ လမ်း တစ်လျှောက် ၆၆ လမ်းနှင့် ၆၉ လမ်းကြားရှိ မန္တလေး ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ကော် မတီ မဏ္ဍပ်တွင် သင်္ကြန် အကျနေ့မှ သင်္ကြန်အတက်နေ့အထိ ညစဉ် ၈ နာရီမှ ၁ဝ နာရီကျင်းပသွားမည် ဖြစ်ပြီး ပထမဆု ကျပ် ၁ဝ သိန်း၊ ဒုတိယဆု ကျပ် ခုနစ်သိန်း၊  တတိယ ဆု ကျပ် သုံးသိန်း စသည့်ဖြင့် ချီးမြှင့် မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ ကျား-မ မရွေး၊ အသက်အရွယ်ကန့် သတ်၊ သတ်မှတ် ချက်မရှိ (အပျော်တန်းဝါသနာရှင် များ ယှဉ်ပြိုင်နိုင်ပြီး) ပညာရှင်များ ဝင်ရောက်ပြိုင်ဆိုင်ခွင့်ပြုမည် မဟုတ် ကြောင်း၊ ပြိုင်ပွဲဝင် လျှောက်လွှာများ ကို ၆၈ လမ်း၊ ၂၆ x ၂၇ လမ်းကြားရှိ Zone Express Tour နှင့်၊ အမှတ် (B-5) ၊ ၂၇ လမ်း ၇၁ လမ်းနှင့် ၇၂ လမ်းကြားရှိ Myanmar Upper Land တို့တွင် ထုတ်ယူ၍ ဧပြီလ ၉ ရက် နောက်ဆုံးထား တင်သွင်းရမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လမ်းလျှောက်သင်္ကြန် တွင် မန္တလေးခရီးသွားမြှင့်တင်ရေး ကော်မတီ ဗဟိုမဏ္ဍပ်၌ ရိုးရာယဉ် ကျေးမှု ယိမ်းအဖွဲ့များ၊ မန္တလေးမြို့၊ Model များ၏ ယိမ်းအဖွဲ့များ၊ တိုင်း ရင်းသား ယဉ်ကျေးမှု ယိမ်းအဖွဲ့များ၊ အိပ်မက်ဆုံရာ တေးသံရှင်များ၊ လူ ရွှင်တော် အဖွဲ့များ၊ ယဉ်ကျေးမှု တက္ကသိုလ်မှ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများလည်း ပါဝင် မည်ဖြစ်ကြောင်း သိရသည်။

မန္တလေးသတင်း
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.