25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေး ခရိုင်အတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း သစ်ထုတ်လုပ်ခွင့်ပြုမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ပထမဆုံးအကြိမ် ကျင်းပသည့် အမြင့်ဆုံး ကျပ်သိန်း ၁ဝဝဝဝ ချီးမြှင့်မည့် အောင်ဘာလေ ထီ ဖွင့်လှစ်

၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက် တွင် အမြင့်ဆုံး ချီးမြှင့်ငွေ ကျပ်သိန်း ၁ဝဝဝဝ စတင်ချီးမြှင့်မည့် ကျပ် ၅ဝဝ တန် အောင်ဘာလေ ထီဖွင့်ပွဲကို အမှတ် ၃၈၄၊ မဟာဗန္ဓုလလမ်းနှင့် ၃၇ လမ်းထောင့်၊ ကျောက်တံတားမြို့ နယ်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲ၊ ထီ ဖွင့်ပွဲခန်းမ၌ ၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်တွင် ပြုလုပ်ခဲ့ရာ အမြင့်ဆုံး ဆုငွေဖြစ်သော ကျပ်သိန်း ၁ဝဝဝဝ ဆုကို ထီလက်မှတ်အမှတ် ပ-၅၉၆၈၇၂ က ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ကံထူးရှင်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှဖြစ်သည်။

ဧပြီလ ၁ ရက်တွင် စတင်ဖွင့် လှစ်သော ကျပ် ၅ဝဝ တန် အောင် ဘာလေ သိန်းဆုဖွင့်ပွဲအတွက် က အက္ခရာမှ အ အက္ခရာအထိ ၃၂လုံး။ ကက၊ ကခ၊ ကဂ၊ ကဃ အက္ခရာများ ဖြင့် အရန်ထီလက်မှတ်လေးလုံး၊ စုစု ပေါင်း ၃၆ လုံး။ ထီစာအုပ်ပေါင်း ၂၉၄၅၄၄၈၊ ထီလက်မှတ် စောင်ရေ ပေါင်း ၃၂၃၉၉၉၂၈ စောင် ထုတ် ဝေရောင်းချခဲ့ကြောင်း သိရသည်။

ထီလက်မှတ် စာအုပ်ရောင်းချ ငွေပေါင်း ကျပ်သန်း ပေါင်း ၁၄၇၂ ဒသမ ၄ ရရှိသည့်အနက် ကံစမ်းသူ များသို့ ၆ဝ ရာခိုင် နှုန်းခွဲ ဝေပေးမည့် ငွေပေါင်းမှာ ကျပ် သန်းပေါင်း ၈၈၃၆ ဒသမ ၃၄၄ ဖြစ်ကြောင်း သိရသည်။

ထီဆုငွေခွဲဝေမှု အချိုးအစား အားဖြင့်

အထူးဆုကြီးစနစ်တွင် ကျပ် သိန်းတစ်သောင်း (၁) ဆု၊ ကျပ်သိန်း ငါးထောင် (၁) ဆု၊ ကျပ်သိန်း တစ် ထောင် (၁) ဆု။

ဆုတစ်ဆုချင်းစနစ်တွင် ကျပ် သိန်းတစ်ရာ ၃၇ ဆု၊ ကျပ်သိန်းငါး ဆယ် (၃၉) ဆု၊ ကျပ်ဆယ်သိန်း (၄၁) ဆု။

 ဝေဝေဆာဆာ ပဒေသာဆုမဲ စနစ်တွင် ကျပ်သုံးသိန်း (၁ဝဝ) ဆု၊ ကျပ်နှစ်သိန်း ၁ဝဝဝ ဆု၊ ကျပ်တစ် သိန်း ၂၉ဝဝဝ ဆု၊ ကျပ်ငါးသောင်း ၇ဝဝဝဝ ဆု စုစုပေါင်း ၁ဝဝ၂ဝဝ ဆု ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

ကိုရွှေ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.