25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေး ခရိုင်အတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း သစ်ထုတ်လုပ်ခွင့်ပြုမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရေချို ငါးမြစ်ချင်းများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လစဉ် တင်ပို့ရောင်းချပေးနေ

မြန်မာ့ရေချိုငါးမြစ်ချင်းများ အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လစဉ် တင်ပို့ ရောင်းချပေးနေရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရ သည်။

 ပြည်ပဈေးကွက်များသို့ တင်ပို့ နေသော ငါးမြစ်ချင်းငါးများအနက် မြန်မာ ငါးမြစ်ချင်းငါးများမှာ အ ရွယ်အစားအကြီးဆုံးဖြစ်နေသဖြင့် ဈေးကွက်တွင်ကျယ်ကြောင်း သိရပြီး၊ မြန်မာ့ ပြည်ပရေထွက်ပို့ကုန်ကဏ္ဍ တွင် ငါးမြစ်ချင်းငါးများမှ ဝင်ငွေမှာ အများဆုံး ဖြစ်နေ ခဲ့သည်။

ရာသီဥတု ဖောက်ပြန်မှုနှင့် ရေ ကြီးရေလျှံဖြစ်စဉ် ဖြစ်ရပ်များကြောင့် မြန်မာ့ငါးမွေးမြူရေး လုပ်ငန်းများ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ရပြီး နည်း ပညာ လိုအပ်ချက်များလည်း ရှိနေ ခြင်းတို့ကြောင့် ပြည်ပတင်ပို့မှုမှာ လည်း လျော့ကျသွားခဲ့ရသည်။     

ယခုအခါ ငါးမြစ်ချင်းထက် ပိုမို တွက်ခြေကိုက်နိုင်မည့် ငါးအမျိုး အစားများကို ပြောင်းလဲမွေးမြူလာ ခဲ့ကြသည်။                   

ငါးမြစ်ချင်းငါးပြည်ပတင်ပို့မှု လျော့ကျသွားခဲ့သော်လည်း စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ် ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လစဉ် တင်ပို့ရောင်းချနေဆဲဖြစ်ပြီး စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန် ကြီးဌာနသတင်းများအရ မတ် ၁၁ ရက်မှ ၁၇ ရက်အထိ တစ်ပတ်အ တွင်းမှာပင် စစ်တွေနယ်စပ်ကုန်သွယ်  ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၉၆ သန်းတန်ဖိုးရှိ ငါးမြစ်ချင်း ငါးတန်ချိန် ၈၅ တန် တင်ပို့ရောင်းချပေးခဲ့ကြောင်း သိရ သည်။

ထို့အတူ ယခု ၂ဝ၁၇ခုနှစ်တွင် ဇန်နဝါရီ ၁၄ ရက်မှ ၂ဝ ရက်နေ့အ တွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၉၄ သန်း တန်ဖိုးရှိ ငါးမြစ် ချင်းငါးတန်ချိန် ၈၄ တန်၊ ဖေဖော်ဝါ ရီ ၁၁ ရက်မှ ၁၇ ရက်အတွင်း အမေ ရိကန်ဒေါ်လာ သုည ဒသမ ဝ၉၄ သန်းတန်ဖိုးရှိ ငါးမြစ်ချင်းငါးတန်ချိန် ၈၄ တန်၊ ဖေဖော်ဝါရီ ၂၅ ရက်မှ မတ်လ ၃ ရက်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၇၉ သန်း တန်ဖိုးရှိ ရေချို ငါးမြစ်ချင်းတန် ၇ဝ ခန့် တင်ပို့ရောင်းချပေးခဲ့ကြောင်း သိ ရသည်။

ထို့အတူ  ၂ဝ၁၆ ခုနှစ် ဒီဇင် ဘာလ ၁၇ ရက်မှ ၂၃ ရက်အထိ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၁ဝ တန်ဖိုးရှိ ငါးမြစ်ချင်းငါးတန်ချိန် ၉၅ တန်နှင့် ဒီဇင်ဘာ ၂၄ ရက်မှ ၃ဝ ရက်အထိ အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၈၂ သန်း တန်ဖိုးရှိ ငါးမြစ်ချင်းငါး တန်ချိန် ၆၅ တန်နှင့် ငါးခေါင်းပွငါး တန်ချိန် ငါးတန် တင် ပို့ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.