25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေး ခရိုင်အတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း သစ်ထုတ်လုပ်ခွင့်ပြုမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မြန်မာ့ ဆန်ဖောက်သည် ဈေးကွက်သစ်နိုင်ငံများနှင့် အမေရိကန် ဈေးကွက်သို့ ဆန်နှင့်ဆန်ကွဲများ တင်ပို့ရောင်းချပေးနေ

မြန်မာ့ဆန် ပြည်ပတင်ပို့မှု ကဏ္ဍတွင် လက်ရှိဖောက်သည်ဈေး ကွက်နိုင်ငံများအပြင် ဖောက်သည် ဈေးကွက်သစ်နိုင်ငံများနှင့် အမေရိ ကန်ဈေးကွက်သို့ ဆန်နှင့်ဆန်ကွဲများ တင်ပို့ရောင်းချပေးနေရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများ အရ သိရ သည်။

 မြန်မာ-တရုတ်နယ်စပ် ကုန် သွယ်ရေးစခန်းများမှ မတ် ၁၁ ရက်မှ ၁၇ ရက်အထိ သတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၂၈ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၉၂၁ဝ တင်ပို့ခဲ့ရာတွင် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၇၄၄ တန်၊ ဧည့်မထဆန် ၉၁၇၇ တန် တင်ပို့ခဲ့ပြီး လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၉၂၈၉ တန် ကျော် တင်ပို့ခဲ့ခြင်းဖြစ်သည်။ ထို့အ ပြင် အဆိုပါ ကာလအတွင်း အမေရိ ကန်ဒေါ်လာ သုည ဒသမ ၆၄၄ သန်း တန်ဖိုးရှိ ဆန်ကွဲ ၂၆၇၅ တန် ခန့် တင်ပို့ခဲ့ရာ မူဆယ် ၁ဝ၅ မိုင်၊ ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲ ၉၂၁ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန် ၁၇၂ဝ ခန့်၊ ချင်းရွှေ ဟော်ကုန်သွယ်ရေး စခန်းမှ ဆန်ကွဲ ၃၄ တန် တင်ပို့ခဲ့ခြင်းဖြစ်သည်။ ထို့ အတူ အဆိုပါ ကာလအတွင်း ပင် လယ်ရေကြောင်း ကုန်သွယ်ရေးလမ်း ကြောင်းမှလည်း ဈေးကွက်သစ်ဖြစ် သည့် မက်ဒါဂါးစကားနိုင်ငံသို့ ဧည့် မထဆန် ၁ဝ၂၅ တန်နှင့် ဈေးကွက် သစ်ဖြစ်သည့် အမေရိကန်နိုင်ငံသို့ ပေါင်းဆန် ၃၇၅ တန်၊ ရုရှားနိုင်ငံသို့ ဧည့်မထဆန်တန် ၇၅ဝ၊ စင်ကာပူ နိုင်ငံသို့ ဧည့်မထဆန်တန် ၂၂ဝဝ နှင့် ပေါင်းဆန် ၂၇၅ တန် တင်ပို့ခဲ့ပြီး အီးယူနိုင်ငံများ ဈေးကွက်သို့ အမေရိ ကန်ဒေါ်လာ ၁ ဒသမ ဝ၁၆ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၃၈၇၅ တန် တင်ပို့ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.