6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မောင်တောတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံပေါ်ပေါက်နိုင်သော အခြေအနေ ဆက်လက်ကျန်ရှိနေဟု အာနန်ကော်မရှင်အကြံပြု  

မောင်တောနယ်စပ်ဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံ  ပေါ်ပေါက်လာနိုင်သော အခြေအနေ ဆက်လက်ကျန်ရှိ နေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် (အာနန်ကော်မရှင်)၏ ကြားဖြတ်အစီရင်ခံစာတွင် ထည့်သွင်းရေးသား ထားသည်။
    ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်သည် အပြီးသတ်အစီရင်ခံစာကို သြဂုတ်လကုန်တွင် ထုတ်ပြန် ရမည်ဖြစ်သော်လည်း မကြာသေးမီ က ဖြစ်ပွားခဲ့သည့် အခြေအနေများ နှင့် အကြမ်းဖက်မှုများ ထပ်မံမပေါ် ပေါက်စေရန် မတ်လ ၁၆ ရက်တွင် အကြံပြုချက်များပါဝင်သော ကြား ဖြတ်အစီရင်ခံစာကို တင်ပြခဲ့သည်။
    ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံမှုအခြေအနေသည် သိသာစွာ ယိုယွင်းလာခဲ့ပြီး ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ အကြမ်း ဖက်တိုက်ခိုက်ခြင်းခံခဲ့ရ၍ ရဲတပ်ဖွဲ့ဝင်တချို့ ကျဆုံးမှုရှိပြီးနောက် တပ်မ တော်နှင့် ရဲတပ်ဖွဲ့ဝင်များမှ အဆိုပါ ဒေသတွင် နယ်မြေရှင်းလင်းရေး လုပ် ငန်းစဉ်များကို စတင်ခဲ့ရကြောင်း ရေး သားထားသည်။
    မောင်နယ်တော နယ်စပ်ဒေသတွင် တပ်မတော်၏ စစ်ဆင်ရေးများ ကို ၂ဝ၁၇ ခုနှစ်အစပိုင်းတွင် လျှော့ချခဲ့ရသော်လည်း လက်ရှိအခြေအနေ တွင် အကြမ်းဖက်မှု အရှိန်မြင့်တက် မလာစေရေးနှင့် နိုင်ငံရေး၊ ဖွံ့ဖြိုးရေး၊ လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းစုစည်း၍ တုံ့ပြန်မှုများကို ပြုလုပ်ဆောင်ရွက် သွားရန် အရေးတကြီး လိုအပ် ကြောင်း အကြံပြုထားသည်။
    ကော်မရှင်၏ အကြံပြုချက်အ တိုင်း လူ့အခွင့်အရေးနှင့် သက်ဆိုင် သည့် အကြောင်းအရာများကို ထည့် သွင်းစဉ်းစားခြင်းမရှိဘဲ ပြည်သူများ၏ အခွင့်အလမ်းများနှင့် ပြည်သူ့ အသံများကို လျစ်လျူရှုမည်ဆိုပါက ဒေသခံ လူ့အဖွဲ့အစည်းဝင်များသည် သဘောထားတင်းမာသူများ၏ စည်းရုံးသိမ်းသွင်းမှုကို အလွယ်တကူခံသွား ရနိုင်ပြီး အစွန်းရောက်ဝါဒများ ပိုမို လွှမ်းမိုးလာစေသည့် အခြေအနေ တစ်ရပ်ကို ဖြစ်ပေါ်လာစေနိုင် ကြောင်း သတိပေးထားသည်။
    ကော်မရှင်အဖွဲ့၏ ကြားဖြတ် အစီရင်ခံစာနှင့် ပတ်သက်၍ အစိုးရ အဖွဲ့ကလည်း ယင်းအကြံပြုချက်များ ကို သဘောမတူကြောင်း တုံ့ပြန်ထား သည်။

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.