28-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကဏ္ဍတွင် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှု ငါးခုရှိနေပြီး အဆင့်လေးတွင် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1030
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
နိုင်ငံတကာ ရော်ဘာ ဈေးနှုန်း ကျဆင်းသော်လည်း မြန်မာ ရော်ဘာဈေး ငြိမ်နေပြီး ပြည်ပသို့ ဆက်လက် တင်ပို့ရောင်းချနေရဆဲဖြစ်

နိုင်ငံတကာ ရော်ဘာဈေးကွက် တွင် ဈေးနှုန်းကျဆင်းသော်လည်း မြန်မာနိုင်ငံထွက် ရော်ဘာများ ဈေး နှုန်းငြိမ်သက်ပြီး ပြည်ပသို့ ဆက်လက် တင်ပို့ရောင်းချနေရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ် လုပ်သူများ အသင်း၏ သတင်းထုတ် ပြန်ချက်များ အရ သိရသည်။

 နိုင်ငံတကာ ရော်ဘာဈေးကွက်၌ ရော်ဘာဈေးနှုန်းများမြင့်တက်နေ ချိန်တွင် ဈေးကွက် သွက်လက်လှုပ် ရှားနေခဲ့ရာ ထိုင်းနိုင်ငံမှ ရော်ဘာ တန်ချိန် တစ်သိန်းကျော်ကို လေလံ ပစ်ရောင်းချခဲ့သဖြင့် နိုင်ငံတကာ ရော်ဘာ ဈေးကွက်များတွင် ဈေးနှုန်း များ ကျဆင်းသွား ခဲ့သော်လည်း မြန် မာ့ ရော်ဘာဈေးနှုန်းများမှာ ကျဆင်း သွားခဲ့ခြင်းမရှိဘဲ ယခင်ဈေးနှုန်းများ အတိုင်း ဈေးနှုန်းငြိမ်သက်နေကြောင်း သိရသည်။                     

မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်း ကုန်စည်ဒိုင်ဈေးကွက်၌ RSS-3 ရော်ဘာတစ်တန်လျှင် ငွေကျပ် ၂၇ ဒသမ ၁၆ သိန်းနှင့်ျွှ - ၅  တစ်တန်လျှင် ငွေကျပ် ၂၆ ဒသမ ၁၉၇ သိန်းပေါက်ဈေးဖြင့် ဈေးနှုန်းများ ငြိမ်သက်နေလျက်ရှိသည်။ 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသတင်းများအရ ဖေဖော် ဝါရီ ၂၅ ရက်မှ မတ် ၃ ရက်အထိ သီတင်းပတ်အတွင်း မူ ဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၃ ဒသမ ၉၂၄ သန်းဖိုးရှိ ရော်ဘာတန် ၂ဝ၁၃ တန်ခန့် တင် ပို့ခဲ့ရာတွင် RSS ၊ ၁ ၁၆၆ တန်ကျော်၊ RSS 3 ၁၅၄၈ တန်ကျော်၊ MSR 20 ၃၃၂ တန်နှင့် MSR 50 ၁၆ တန် တင်ပို့ရောင်းချနိုင်ခဲ့သည်။ ထို့အတူ ရက်ပိုင်းအတွင်း ချင်းရွှေဟော်နယ် စပ် ကုန်သွယ်ရေးစခန်းမှ  အမေရိ ကန်ဒေါ်လာ သုည ဒသမ ၆၉၆ သန်းဖိုးရှိ RSS ၁ ၄၃၄ တန်ခန့်နှင့် RSS 3 ၁၇ တန်ကျော်၊ မြိတ်ကုန်သွယ် ရေးစခန်းမှ အမေရိ ကန်ဒေါ်လာ သုည ဒသမ ၂ဝ၆ သန်းဖိုးရှိ MSR 70 ၁၂၅ တန်ကျော် တင်ပို့ခဲ့ရာ စခန်းအားလုံး စုစုပေါင်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၂၆ သန်း တန်ဖိုးရှိ ရော်ဘာ တန်ချိန် ၂၅၈၉ ကျော်တင်ပို့ခဲ့သည်။ လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အမေရိကန် ဒေါ်လာ ၁၉ ဒသမ ဝ၈၇ သန်းဖိုးရှိ ရော်ဘာ အမျိုးအစား စုံ ၁၁၇၅၂ တန် တင်ပို့ရောင်းချပေး ခဲ့ရကြောင်း သိရသည်။ ထို့အတူ ဖေ ဖော်ဝါရီ ၂၆ ရက်မှ မတ် ၄ ရက်အ ထိ အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၄၇၂ သန်းဖိုးရှိ ရော်ဘာ ၇၇၄ တန် အား ပင်လယ်ရေကြောင်း ကုန်သွယ် ရေးလမ်းကြောင်းမှ တင်ပို့ရောင်းချခဲ့ ရာတွင် မလေးရှားနိုင်ငံသို့ RSS 3 ၅ဝ၅ တန်၊ ဂျပန်နိုင်ငံသို့ MSR 20 TSR ၉၈ တန်၊ စင်ကာပူနိုင်ငံသို့ MSR 20 TSR  တန် ကျော်၊ သြစ တြေးလျနိုင်ငံ RSS 3 တန် ၄ဝ တင်ပို့ ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.