1-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေး ခရိုင်အတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း သစ်ထုတ်လုပ်ခွင့်ပြုမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1013
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရန်ကုန် ဇိဝိတဒါနသံဃာ့ဆေးရုံကြီး၌ မြန်မာ့နှစ်သစ်အကြို စုပေါင်းသွေးလှူဒါန်းပွဲကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး ဗဟန်း မြို့နယ်ရှိ၊ ဇီဝိတဒါနသံဃာ့ ဆေးရုံ ကြီး၏ အစီအစဉ်ဖြင့် သံဃာတော် များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ စုပေါင်း၍ မြန်မာနှစ်သစ်အကြို ၁၇ ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သွေးလှူဒါန်းပွဲကို ဧပြီ လ ၈ ရက်၊ စနေနေ့ နံနက် ၈ နာရီ တွင် ဇီဝိတဒါနသံဃာ့ဆေးရုံကြီး (ရန်ကုန်) ရှိ အလှူတော် မင်္ဂလာခန်း မ၌ ကျင်းပမည်ဖြစ်ပြီး ရန်ကုန်ဆေး ရုံကြီး အမျိုးသား သွေးဌာနမှ တာဝန် ခံ ဆရာဝန်ကြီးနှင့်အဖွဲ့က လက်ခံယူ ကြမည်ဖြစ်သည်။

 နှစ်သစ်အကြို စုပေါင်း သွေးလှူ ဒါန်းပွဲ၌ ပါဝင်လှူဒါန်းလိုသူများသည် အဆိုပါ ဆေးရုံကြီးရှိ သံဃာတော်များ ပြင်ပလူနာဌာန၊ သီလရှင်များ ပြင်ပ လူနာဌာန၊ လူပုဂ္ဂိုလ်များ ပြင်ပလူနာ ဌာန၊ ဆေးရုံအုပ်ကြီးရုံးနှင့် လူမှုဆက် ဆံရေးဌာနစုတို့တွင် လူကိုယ်တိုင် လာရောက် စာရင်းပေးသွင်းနိုင် ကြောင်းနှင့် တယ်လီဖုန်းဖြင့် ဆက် သွယ်စာရင်းပေးသွင်းလိုပါက  သံဃာ တော်များ ဖုန်း ဝ၁-၅၅၂၉၇၅၊ သီလ ရှင်များ ဖုန်း ဝ၁-၅၄၂၇ဝ၆၊ လူ ပုဂ္ဂိုလ်များ ဖုန်း ဝ၁-၅၅၂၅၄၂၊ ဆေးရုံအုပ်ကြီးရုံး ဖုန်း ဝ၁-၅၅၈၄၃၄၊ လူမှုဆက်ံရေးဌာနစု ဖုန်း ဝ၁-၅၄၁၇ ၉၅ တို့သို့ ဧပြီလ ၇ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ ကြိုတင် စာရင်းပေးနိုင်ကြောင်း သိရသည်။

ဇီဝိတဒါနသံဃာ့ဆေးရုံကြီးကို ၁၉၄ဝ ပြည့်နှစ် မေလ ၈ ရက်တွင် ဇီဝိတဒါန ကုသိုလ်ဖြစ် ဆေးခန်းအ ဖြစ် ဗဟန်းမြို့နယ်၊ ကြားတောရလမ်း ဇရပ် အမှတ် ၇၃ တွင် စတင် ဖွင့် လှစ်ပြီး ၁၉၅၂ ခုနှစ်တွင် လက်ရှိ ဆေးရုံကြီး နေရာသို့ ပြောင်းရွှေ့ကာ ဇီဝိတ ဒါန သံဃာ့ဆေးရုံအဖြစ် အ မည်ပြောင်းလဲခဲ့သည်။

လက်ရှိကာလတွင် ခုတင် ၂ဝဝ ဆံ့ ဆေးရုံကြီးအဖြစ်သို့ ရောက်ရှိနေ ပြီး သံဃာတော်၊ သီလရှင်နှင့် လူ ပုဂ္ဂိုလ်များအား၊ အထူးကု ၁၉ မျိုးကု သပေးလျက်ရှိသည်။

ထို့အပြင် ဇိဝိတဒါနသံဃာ့ဆေး ရုံကြီး (ရန်ကုန်) ၏ ကုန်းတလပေါင် ဆေးခန်းကို မင်္ဂလာဒုံမြို့နယ် ကုန်း တလပေါင်ကျေးရွာ၌ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး တစ်ပတ်လျှင် သုံးရက်၊ (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များ တွင်) ဝေဒနာရှင်များအား အခမဲ့ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။  

မောင်ဘစီ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.