6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ မြန်မာနိုင်ငံရန်ကုန်မြို့သို့ ဧပြီလ ၃ ရက်မှ စတင်၍ လေယာဉ် တိုက်ရိုက် ပျံသန်းပြေးဆွဲသွားမည်

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ဧပြီလ ၃ ရက်မှစတင်၍ Malindo
Air  လေကြောင်းလိုင်းမှ တိုက်ရိုက်ပျံ သန်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း အ ဆိုပါ လေကြောင်းလိုင်းသတင်းများ အရ သိရသည်။ အဆိုပါ လေ ကြောင်းလိုင်း အနေနှင့် ရန်ကုန်-ကွာ လာလမ်ပူခရီး စဉ်ကို ၁၅ နိုင်ငံ မြောက်နိုင်ငံတကာ လေကြောင်း လိုင်းကွန်ရက်အဖြစ် တိုးချဲ့ပျံသန်း ခဲ့ခြင်းဖြစ်ပြီး သီတင်းတစ်ပတ်လျှင် လေးကြိမ်ပျံသန်းပြေးဆွဲမည်ဖြစ်သည်။
ရိုးရိုးတန်းအတွက် မြန်မာကျပ်ငွေ ၁၂၃၁၈၆ ကျပ်နှင့် အထူးတန်းအ တွက် ၄၅၄၄၄၁ ကျပ် ကျသင့်မည် ဖြစ်ပြီး အထူးအစီအစဉ်များအဖြစ် တန်ဆာခ အခမဲ့ ဝန်ဆောင်မှုနှင့် ခရီးစဉ်အတွင်း ဖျော်ဖြေတင်ဆက်မှု နှင့် အကျွေးအမွေးပါဝင်မည်ဖြစ် သည်။ ခရီးစဉ်အတွက် မတ်လ ၃ဝ ရက်မှ စတင်၍ လက်မှတ်များမှာ ယူနိုင်ပြီး ဧပြီ ၃ ရက်မှ စတင်ကာ လေကြောင်း ခရီးစဉ် စတင်ပျံသန်း မည်ဖြစ်သည်။ လေယာဉ်အမှတ် OD 550  သည် ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နံနက် ၈ နာ ရီခွဲတွင် ထွက်ခွာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ ဆိပ်သို့ နံနက် ၉ နာရီ ၅ဝ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်သည်။ နှစ်နိုင်ငံ အကြား အချိန်ကွာဟမှုမှာ ၁ နာရီ နှင့် ၃ဝ မိနစ်ဖြစ်ပြီး ကွာလာလမ်ပူမှ ရန်ကုန်သို့ ခရီးစဉ်ကြာမြင့်ချိန်မှာ ၂ နာရီနှင့် ၅ဝ မိနစ်ဖြစ်သည်။ လေ ယာဉ် အမှတ် OD 551  ရန်ကုန် အ ပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နံနက် ၁ဝ နာရီခွဲတွင် စတင်ထွက်ခွာမည် ဖြစ်ပြီး ကွာလာလမ်ပူသို့ ၂ နာရီ ၅၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ် သည်။ ပျံသန်းပြေးဆွဲပေးမည့် BOEING-737-800ER လေယာဉ် တွင် အထူးတန်း ထိုင်ခုံ ၁၂ ခုံနှင့် ရိုးရိုးတန်းထိုင်ခုံ ၁၅ဝ ခုံပါရှိကြောင်း သိရသည်။
    အဆိုပါ ခရီးစဉ်သည် ကုန်ကျ စရိတ်သက်သာခြင်း၊ စီးပွားရေး၊ လူမှု ရေးနှင့် နှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ် ခြင်းတို့အတွက် အကျိုးအမြတ်ဖြစ် ထွန်းစေမည်ဖြစ်သည့်အပြင် မြန်မာ နှင့် မလေးရှားနှစ်နိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကဏ္ဍကို ပိုမိုမြှင့်တင့် ပေးနိုင်မည်ဖြစ်သည်။ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ် ပူအခြေစိုက် အပြည်ပြည်ဆိုင်ရာ လေကြောင်း ဖြစ်လိုင်း  Malindo Air သည် ၂ဝ၁၃ ခုနှစ်မတ်လမှစတင်ကာ ပြည်တွင်း လေကြောင်းလိုင်းများ စတင်ပျံသန်း ပြေးဆွဲခဲ့ပြီး လေကြောင်းလိုင်းများကို မလေးရှားနိုင်ငံရှိ အဓိက လေဆိပ် များနှင့် ချိတ်ဆက်ပျံသန်းခဲ့ရာမှ  သြစတြေးလျ၊ အရှေ့အလယ်ပိုင်း ဒေသနှင့် အာရှသို့ ဆက်လက်တိုးချဲ့ ပြေးဆွဲ ခဲ့ခြင်းဖြစ်သည်။
    ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလတွင်  Malindo Air  ပျံသန်းပြေးဆွဲလျက်ရှိ သော လေယာဉ်များသည် ATE 72-600  ၁၆ စင်း၊  Boeing 737 NG  ၂၆ စင်းအထိ တိုးတက်လာခဲ့ပြီး Malindo Air လေကြောင်းလိုင်းသည် ဒေသ တွင်းလေကြောင်းလိုင်း ၄၃ လိုင်းတွင် အပတ်စဉ် လေကြောင်း ခရီးစဉ် ၈ဝဝ ကို ပျံသန်းပြေးဆွဲလျက်ရှိ ကြောင်း သိရသည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.