1-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေး ခရိုင်အတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း သစ်ထုတ်လုပ်ခွင့်ပြုမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1013
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ပခုက္ကူ၌ တန်ခူးကြက်သွန်ပေါ်ချိန်နီး၍ ကြက်သွန်ဈေးကျဆင်း

ပခုက္ကူ ကြက်သွန်ဈေးကွက်ကြီး ဖြစ်သော ဦးမေဃကျောင်းဝိုင်းကြီးအ တွင်းသို့ ကြက်သွန်အချိန်  ပိဿ (၁) သိန်းခန့် မတ်လ ၂၂ ရက်က အဝင်ရှိ ခဲ့သဖြင့် ကြက်သွန်နီများ အထိုက် အလျောက် ကျဆင်းလာကြောင်း သိရသည်။

အဆိုပါ ရက်များမတိုင်မီက ကြက်သွန်နီဈေး စံချိန်တင်မြင့် တက်ခဲ့သည်။ ''ပြီးခဲ့တဲ့ လတွေတုန်း က ကြက်သွန်ဈေးက စံချိန်တင် မြင့်ခဲ့တယ်။ ဦးမေဃကျောင်းဝိုင်းမှာ တင် တစ်ပိဿာ ၂ ထောင်အထိ ရောက်သွားတယ်။ အခုရက်ပိုင်းမှာ ကြက်သွန်ဈေးက ၆၅ဝ ဈေးရှိတော့ တာတောင် တောင်သူတွေလာရောင်း ကြတယ်။ နောက်တန်ခူး ကြက်သွန် က ပေါ်တော့မယ်။ လက်ကျန် အ ချိန်ပိဿာ သိန်း ၂ဝ ထိရှိနေသေး တယ် တောင်သူတွေ မလှောင်ရဲတော့ ဘူး''ဟု ကြက်သွန်ပွဲစားကြီးတစ်ဦးက ပြောသည်။

ပခုက္ကူ၊ ပေါက်နယ်၊ ယော ချောင်းဝဲယာတစ်လျှောက်နေ ကျေး ရွာပေါင်း ၅ဝ ကျော်မှ ကြက်သွန်များ ကို တန်ဆောင်မုန်းနတ်တော် စိုက် ပျိုးကြပြီး တပေါင်းတန်ခူးလများတွင် ရိတ်သိမ်းကြသည်။ နှစ်စဉ်ကြက်သွန် အချိန်ပိဿာ သိန်း ၂ဝဝ ထိ ထွက်ရှိ သည်ဟု လည်း ဒေသခံများက ပြော သည်။

နေဦးမောင် (ပခုက္ကူ)
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.