21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မောင်တော နယ်ခြားစောင့် ရဲစခန်းမှ လက်နက် ၄၂ လက် ပျောက်ဆုံးနေဆဲ

မောင်တောနယ်ခြားစောင့် ရဲ ဌာနချုပ်နှင့် ရဲစခန်းနှစ်ခုမှ အကြမ်း ဖက်တိုက်ခိုက်ပြီး လုယူသွားသည့် လက်များအနက် ၂၈ လက်ကို ပြန် လည်တွေ့ရှိခဲ့ပြီး ကျန်လက်နက် ၄၂ လက်မှာ ပျောက်ဆုံးနေဆဲဖြစ် ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက မတ်လ ၁၄ ရက်တွင် သတင်းထုတ် ပြန်ခဲ့သည်။

နယ်ခြားစောင့်ရဲနှင့် တပ်မတော် မှ ဆုံးရှုံးခဲ့ရသည့် လက်နက်မဟုတ် ဘဲ လုပ်သေနတ်လေးလက်၊ ပြောင်း ချောတစ်လုံးထိုး သေနတ်တစ်လက်၊ ၃၈ ဗို့ခြောက်လုံးပြူး တစ်လက်၊ ပစ္စတိုတစ်လက်၊ အမ် ၂၂ တစ်လက် စုစုပေါင်း လက်နက်မျိုးစုံ ရှစ်လက် နှင့် လုပ်သေနတ်ကျည် ၁၅ တောင့်၊  ဓားအချောင်း ၇ဝ၊ မှိန်းတစ်ချောင်းကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြ ထားသည်။

ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က မောင် တော အခြေစိုက် နယ်ခြားစောင့်ရဲ ဌာနချုပ်နှင့် ရဲစခန်းသုံးခုကို အကောလ်မူလ်မူဂျာ ဟီဒင်န်အဖွဲ့နှင့် အစွန်းရောက် ဘင်္ဂါလီတချို့က အကြမ်းဖက်စီးနင်းတိုက်ခိုက်ကာ လက်နက် ၆၈ လက်၊ ကျည်မျိုးစုံ တစ်သောင်းကျော်ကို လုယူသွားခဲ့ သည်။

ယင်းနောက် နယ်မြေရှင်းလင်း ရေးများ ဆောင်ရွက်စဉ် တပ်မတော် မှ လက်နက်နှစ်လက်သည်လည်း အကြမ်းဖက်သူများထံတွင် ထပ်မံဆုံး ရှုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ပါ ရှိသည်။

အကြမ်းဖက်သမားများ လက် ထဲတွင် လက်နက်များရှိနေသေးသည့် အတွက် မောင်တောနယ်စပ်လုံခြုံ ရေးနှင့် ပတ်သက်၍ ဒေသခံ တိုင်း ရင်းသားအများစုက စိုးရိမ်နေကြဆဲ ဖြစ်သည်။

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.