27-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အလုပ်အကိုင်လိုနေသည့် ရခိုင်လူငယ်များ ရွှေကျား ရက်ကန်းထည်လုပ်ငန်း အလုပ်ရုံတွင် လာရောက်လျှောက်ထားနိုင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1021
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
နယ်စပ်ဖြတ်ကျော်ခွင့် ဘင်္ဂလားဒေ့ရှ်က ပိတ်ထားသည့် အတွက် တစ်ပိုင်တစ်နိုင် ကုန်သွယ်သူများ အခက်ကြုံ

မောင်တောနယ်စပ်မှ ဘင်္ဂလား ဒေ့ရှ်သို့ တစ်ပိုင်တစ်နိုင်ကုန်သွယ် သွားလာခြင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်က ပိတ်ထားဆဲဖြစ်သည့်အတွက် တစ်ပိုင်တစ်နိုင် ကုန်သွယ်သူ အများစု အဆင်မပြေဖြစ်နေပြီး စား ဝတ်နေရေး အခက်အခဲကြုံလာ ကြောင်း သတင်းရရှိသည်။
    တစ်ပိုင်တစ်နိုင် ကုန်သွယ်သူများ အပါအဝင် မောင်တောနယ်စပ် နှင့် ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ဖြတ် ကျော်သွားလာမှုကို အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က ပိတ် ထားခဲ့ပြီး ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က စတင်ကာ မောင်တော နယ်စပ်ဂိတ်ကို ဖွင့်လှစ်ပေးခဲ့သည်။
    နယ်စပ်ဂိတ် ဖွင့်လှစ်မှုကြောင့် မောင်တောရှိ တစ်ပိုင်တစ်နိုင်ကုန် သွယ်သူများသည် ဘင်္ဂလားဒေ့ရှ်သို့ ကူးသန်းသွားလာခဲ့ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ဝင်ရောက်ခွင့်မပေးခဲ့ ခြင်းဖြစ်သည်။
    ''ကိုယ့်အလုပ်ကို ကိုယ်မလုပ်ရတာ ငါးလကျော်ရှိပါပြီ။ အိမ်မှာထိုင်စားနေတာလည်း ရှိသမျှကုန် သွားပါပြီ။ တခြားလုပ်မယ့်အလုပ်ကလည်း မရှိတဲ့အတွက် ဘင်္ဂလားဒေ့ရှ် ကို ပုံမှန်သွားလာခွင့်ရဖို့ တောင်းဆို ချင်ပါတယ်။ အခုစားသောက်ရေး အဆင်မပြေမှုတွေ ဖြစ်လာပါတယ်'' ဟု မောင်တောနယ်စပ်မှ တစ်ပိုင်တစ် နိုင် ကုန်သွယ်သူ ဒေါ်ဦးသိန်းနုက ပြောသည်။
    မောင်တောနယ်စပ်နှင့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံသို့ တစ်ပိုင်တစ်နိုင် ကုန်သွယ်သူများ ပုံမှန်ဝင်ထွက်ခွင့် ရရှိရေးအတွက် မြန်မာနယ်ခြား စောင့်ရဲမှ ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်သို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း သတင်းရရှိသည်။

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.