21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ဥရုချောင်းအတွင်း ရွှေထုတ်လုပ်မှု ကြီးမားစွာ လုပ်ကိုင်နေမှုကြောင့် ချင်းတွင်းမြစ်ရေနောက်ကျိနေ

         ကချင်ပြည်နယ်တွင် မြစ်ဖျားခံ ၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းကာ မကွေးတိုင်း တွင် ဧရာဝတီမြစ်နှင့် ပေါင်းဆုံသည့် ချင်းတွင်းမြစ်မှာမြစ်ဖျားဒေသဖြစ် သည့် ခန္တီး၊ ဟုမ္မလင်းဒေသအထိ မြစ် ရေကြည်လင်မှုရှိနေပြီး ဟုမ္မလင်းမြို့ အောက်ဘက် ဥရုချောင်းနှင့် ပေါင်းဆုံ သည့်နေရာမှအစပြု၍ ဧရာဝတီမြစ် နှင့် ပေါင်းဆုံရာနေရာအထိ မြစ်ရေ နောက်ကျိနေသည်ဖြစ်ရာ ချင်းတွင်း မြစ်ရိုးတစ်လျှောက်ရှိမြို့ရွာများတွင် နေထိုင်သူအများစုနှင့် ချင်းတွင်းမြစ် ရေကို အမီပြုနေထိုင်ရသူများ အတွက် ရေရှည်တွင် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်နေကြောင်း ဟုမ္မ လင်းမြို့မိမြို့ဖတစ်ဦးက ပြောသည်။
    ချင်းတွင်းမြစ်သည် ဟုမ္မလင်း မြို့ အထက်ပိုင်းတွင် မြစ်ရေကြည် လင်နေပြီး၊ ဟုမ္မလင်းမြို့အောက်ဘက်၊ ဥရုချောင်းရေဝင်ရောက်သည်မှ အစ ပြု၍ ဧရာဝတီနှင့် ပေါင်းဆုံသည်အ ထိ ရွှံ့ရေများ၊ ရွှေကျင်ရာမှ စီးဆင်း လာသည့် ရေများကို သုံးစွဲနေကြရ သည်။ ဟုမ္မလင်းမြို့အောက်ဘက်ချင်း တွင်းမြစ်နှင့် ဥရုချောင်းပေါင်းဆုံရာ နေရာတွင် ရေကြည်ရေနောက်နှစ်ခု ကွဲပြားနေသည်ကို တွေ့မြင်နိုင်သည်။
    ''ချင်းတွင်းမြစ်ထဲမှာ ရေအရင်း အမြစ်တွေ ပျက်စီးသလို၊ ရေပျော် သဘာဝသားငါးပုစွန်မျိုးစိတ်တွေလည်း  ပျက်စီးနေပါတယ်။ ဟုမ္မလင်း အောက်ဘက်မှာဆိုရင် ရေနဲ့ လုပ် စားကြတဲ့ တံငါတွေ ငါးအရနည်းပါး လာသလို၊ မြစ်ချောင်းအင်းအိုင်ကို အမှီပြုနေထိုင်ကြတဲ့ ရေပျော်ငှက် တွေလည်း တစ်နှစ်ထက်တစ်နှစ် နည်းပါးသွားပြီဖြစ်ပါတယ်''ဟု ကလေးမြို့ သဘာဝချစ်သူများအဖွဲ့မှ တာဝန်ရှိ ဦးဝင်းကပြောသည်။
    ဟုမ္မလင်းဒေသတွင် အသေးစား ရွှေတူးဖော်ရေး ကုမ္ပဏီဟု အမည်ခံ  ကာ သတ္တုတွင်း ဝန်ကြီးဌာနတွင် ရွှေ တူးဖော်ခွင့်တရားဝင် မှတ်ပုံတင်ထား သည့် ကုမ္ပဏီပေါင်း ၆ဝ ဝန်းကျင်ရှိ ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်များအရ သိ ရသည်။ ရွှေတူးဖော်မှုတွင် ဥရုချောင်း ရိုးတစ်လျှောက်တွင် အကြီးမားဆုံး ဆောင်ရွက်နေကြပြီး ဒေသခံရွှေတူး သူတို့ အဆိုအရ တရားမဝင် တူးဖော် နေသူများမှာ တရားဝင် မှတ်ပုံတင်၍ တူးဖော်သော ကုမ္ပဏီအရေအတွက် ထက် ပိုများကြောင်း နမ့်တောရွာမှ ဒေသခံ ဦးထိန်လင်းက ပြောသည်။
    ''ဥရုချောင်းရိုးမှာတော့ သဘာဝ ရေပျော်သားငါးဆိုတာကတော့ မရှိ သလောက်ရှားပါးနေပြီး ဥရုချောင်း ကလည်း သောက်သုံးလို့မရတော့တဲ့ အပြင် ဒေသတွင်း အိမ်မွေးတိရစ္ဆာန် တွေ၊ တောရိုင်း တိရစ္ဆာန်တွေ သောက်သုံးမိရင် အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေပါ၊ ရာသီမရွေး ရွှံ့နွံရေ တွေ စီးဆင်းနေတဲ့အပြင် ရွှေထုတ် လုပ်ရေးက ရေဆိုးတွေလည်း ချောင်း ထဲမှာ ပျော်ဝင်နေပြီဖြစ်ပါတယ်။ အခုဆိုရင် ဥရုချောင်းရိုးတစ်လျှောက် ရွှေတူးဖော်မှုကြီးမားနေတဲ့အတွက် ဥရု ချောင်းရိုးမှာပေါက်ရောက်တဲ့ သဘာဝပေါက်ပင်တွေပါ ပျောက် ကွယ်နေပါပြီ''ဟု ယင်းက ပြောသည်။
    ဥရုချောင်းရိုးတစ်လျှောက် ရွှေ ထုတ်လုပ်မှုကြီးမားသည့်အတွက် လွန်ခဲ့သည့်နှစ်များက ဥရုချောင်းရိုးမှ အများအပြားထွက်ရှိခဲ့သော သင်ဖျာ ရက်လုပ်သည့် သစ်ပင်များ ပျောက် ကွယ်သွားသည့်အပြင် ဒေသတွင်း သင်ဖျာလုပ်ငန်းပါ အတွေ့ရနည်း သွားသည်။ ထို့ပြင် ဟုမ္မလင်းနယ်၊ ဥရုချောင်းရိုးမှ ထွက်သည့်ကြိမ်ပင် များလည်း အထွက်နည်းသွားပြီဖြစ် ကြောင်း နောင်ပိုအောင်ရွာမှ သင်ဖျာ နှင့် ကြိမ်ထိုင်ခုံလုပ်ငန်းလုပ်ကိုင်သူ ဒေါ်နန်းခမ်းဆိုင်က ပြောသည်။

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.