25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေး ခရိုင်အတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း သစ်ထုတ်လုပ်ခွင့်ပြုမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
သင်္ကြန်ကာလ ဧပြီလ ၁၄ ရက်မှ ၁၆ ရက်အတွင်း ရန်ကုန် မြို့ပတ်ရထား ခရီးစဉ်များတွင် ထက်ဝက်ခန့် လျှော့ချပြေးဆွဲသွားမည်

သင်္ကြန်ကာလ ဧပြီလ ၁၄ ရက် မှ ၁၆ ရက်အတွင်း ရန်ကုန်မြို့ပတ်ရထား ခရီးစဉ်များတွင် ရထားပြေးဆွဲမှု ထက်ဝက်ခန့် လျှော့ချပြေးဆွဲသွား မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား၏ သတင်းများအရ သိရသည်။
    လက်ရှိတွင် မြို့ပတ်ရထားပြေး ဆွဲမှုကို တစ်နေ့လျှင် အစီး ရေ ၂၅ စီးနှင့် အခေါက်ရေ ၂၂ဝ ပြေးဆွဲ ပေးခြင်းဖြစ်သည်။ သို့သော် သင်္ကြန် ကာလတွင်မူ ရထားစီးနင်းသည့် ခရီးသည် သိသိသာသာ နည်းပါးသွားမည်ဖြစ်ရာ မြို့ပတ်ရထားပြေးဆွဲမှုကို ရထားစီးရေ ၇ ဆိုင်းနှင့် ပြေးဆွဲမှု အခေါက်ပေါင်း ၇၃ ခေါက်သာ ပြေး ဆွဲပေးသွားမည်ဖြစ်သည်။ ရန်ကုန်မြို့ပတ်ရထားကို အများဆုံးလိုက်ပါ စီးနင်းနေကြသည့် ခရီးသည်အများစုမှာ အလုပ်သမားများ၊ ရုံးသူရုံးသားများ၊ ဈေးသည်များ၊ ကျောင်းသား ကျောင်းသူများနှင့် ကုန်သည်ပွဲစားများဖြစ်ရာ သင်္ကြန်ကာလတွင် ကျောင်းပိတ်ရက်၊ ရက်ရှည်အလုပ် ပိတ်ရက်များရှိနေသဖြင့် ပုံမှန်စီးနင်းနေသူများ သိသိသာသာလျော့ကျ သွားလေ့ရှိခြင်း၊ သင်္ကြန်ကာလတွင် စီးကမ်းမဲ့သူများကြောင့် အာဘီးအီး ရထားများ ထိခိုက်မှုများဖြစ်ပေါ်လာ နိုင်ခြင်း၊ ရထားတွဲဆိုင်းများနှင့် စက်ခေါင်းများအား ခရီးသည်သိသိသာသာ လျော့ကျသွားချိန်တွင် ပြင်ဆင်ဆောင်ရွက် ရမည်ဖြစ်ခြင်းတို့ ကြောင့် သင်္ကြန်ကာလတွင် ရန်ကုန်မြို့ပတ်ရထား ခရီးစဉ်များကို လျှော့ချ ပြေးဆွဲရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
    အဆိုပါ စီစဉ်ဆောင်ရွက်မှုများအရ သင်္ကြန်ကာလတွင် RBE ရထား ၁၂ ဆိုင်းကို ရပ်နားမည်ဖြစ်ပြီး ရိုးရိုး ရထားများနှင့်သာ ပြေးဆွဲမည်ဖြစ်သည်။ မြို့ပတ်ရထားများ သင်္ကြန်အတွင်း လျှော့ချမှုကို ဧပြီလ ၁၄ ရက်မှ ၁၆ ရက်အထိ လျှော့ချသွားမည်ဖြစ်ပြီး ၁၇ ရက်၊ နှစ်ဆန်းတစ်ရက်နေ့တွင် ပုံမှန်အတိုင်း ဆက်လက်ပြေးဆွဲ သွားမည်ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားစီးနင်းသူ အရေ အတွက်မှာ နေ့စဉ်တစ်သိန်းနီးပါးထိ ရှိနေကြောင်း သိရသည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.