6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
တမူး-မိုးရေး နယ်စပ်ကုန်စည်ရောင်းဝယ်မှု စတင်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ-အိန္ဒိယနယ်စပ် ကုန်စည်ရောင်းဝယ် ရေးတွင်အကြီးမားဆုံးဖြစ်သည့် တမူး -မိုးရေး၊ နန်းဖာလုံဈေးရောင်းဝယ်ရေး သည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစတင်  ၍ အကြောင်းအမျိုးမျိုးဖြင့် အရောင်း အဝယ်များ ရပ်တန့်နေခဲ့ရာ ယခု မတ်လ ၂ဝ ရက်မှစတင်၍ ဖွင့်လှစ်ပြီ ဖြစ်ကြောင်း နယ်စပ်ကုန်သည်ကြီး များ အသင်းမှ တာဝန်ရှိ တစ်ဦးက ပြောသည်။
    မြန်မာ-အိန္ဒိယနိုင်ငံနယ်စပ်ဖြစ် သည့် တမူး-မိုးရေးမြို့နယ်စပ်ရောင်း ဝယ်ရေးကို ၁၉၉၅ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်အရောင်း အဝယ်ကောင်းမွန်မှုရှိသော်လည်း ယခုနှစ်တွင် တစ်ဖက်နိုင်ငံ၏ အ ကြောင်းအမျိုးမျိုးဖြင့် လမ်းပိတ်မှုများ ကြောင့်လည်းကောင်း၊ နယ်စပ်တစ် လျှောက်လုံခြုံရေးအရလည်းကောင်း လမ်းပိတ်မှုများရှိရာ ၂ဝ၁၆ မိုးတွင်း ကာလမှအစပြု၍ မတ်လဆန်းချိန် အထိ ကုန်စည်တင်ပို့ရောင်းဝယ်မှု များ ရပ်နားထားခဲ့ရသည်။
    ''အဓိကတော့ တစ်ဖက်နိုင်ငံ နယ်စပ်ပြည်နယ်ဖြစ်တဲ့ မဏိပူရပြည် နယ်ဘက်မှာ လုံခြုံရေးအားနည်းနေ ပြီး၊ လူမျိုးရေးပဋိပက္ခတွေ၊ လက်နက် ကိုင်အဖွဲ့တွေကြောင့် တစ်ဖက်က ကုန်သည်ကြီးတွေ မလာဘူး၊ ပြီးတော့ နယ်စပ်မှာလည်း မငြိမ်သက်တဲ့အခါ အရောင်းအဝယ်တွေက ရပ်ဆိုင်းကုန် တာဖြစ်ပါတယ်''ဟု နယ်စပ်နန်းဖာ လုံ ဈေးမှ ဈေးကော်မတီတစ်ဦးက ပြောသည်။
    နယ်စပ်ကုန်သွယ်ရေးမှ ထုတ် ပြန်သည့် သတင်းများအရ မြန်မာ နိုင်ငံသည် အိန္ဒိယနိုင်ငံသို့ ကုန်စည် တင်ပို့ရောင်းချမှု တတိယအများဆုံး တင်ပို့ရောင်းချမှုရှိရာ ယခုဘဏ္ဍာနှစ်  မတ်လ ၁ဝ ရက်နေ့အထိ တမူး နယ်စပ်မှ တင်ပို့သည့် ကုန်စည်တန် ဖိုး၊ အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၄၇၇ သန်းတန်ဖိုးရှိ ကုန်စည်များကို လည်းကောင်း၊ သွင်းကုန် အမေရိ ကန် ဒေါ်လာ ၉ ဒသမ ၆၈၃ သန်း တန်ဖိုးရှိ ကုန်စည်များကိုလည်း ကောင်း၊ စုစုပေါင်း အမေရိကန် ဒေါ် လာ သန်း ၄၆ ဒသမ ၁၆ တန်ဖိုးရှိ ကုန်စည်များကို ရောင်းဝယ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် ရောင်းဝယ် မှုထက် အမေရိကန် ဒေါ်လာ ၆ ဒသမ ၁၆၇ သန်း ပိုမို ကုန်သွယ်နိုင်ခဲ့ ကြောင်းသိရသည်။
    ''နယ်စပ်ရောင်းဝယ်ရေးက တော့ အခုတစ်ရက်နှစ်ရက်အတွင်း အလုံးအရင်းလိုက်ဝယ်ကြရောင်းကြ တယ်။ အချို့ချင်းပြည်နယ်ရိဒ်နယ် စပ်ကိုသွားပြီး ရောင်းဝယ်နေကြတဲ့ ကုန်သည်တွေလည်းသည်ဘက်ကို ပြန်လာကြတယ်။ သည်ဘက်မှာ နယ် မြေအေးချမ်းရင် အရောင်းအဝယ် ကောင်းတာပါပဲ၊ အထူးသဖြင့်တော့ တစ်ဖက်နိုင်ငံဘက်မှာ ပြဿနာဖြစ် တာများတယ်''ဟု နန်းဖာလုံ နယ်စပ် ဈေးမှ ဈေးသည်တစ်ဦးက ပြောသည်။
    ယခု ရက်ပိုင်းတမူးနယ်စပ် နန်း ဖာလုံစေးတွင် ရောင်းကုန်အဖြစ် ကွမ်းသီး၊ အုန်းသီး၊ ဖရဲသီး၊ မျောက် ငိုသီး၊ ငါးကျပ်တင်ခြောက်၊ တရုတ် ပစ္စည်းများ၊ အထည်အလိပ်များ၊ ဖျော် ရည်ဘူးများ၊အရက်မျိုးစုံ၊ ဘီယာမျိုးစုံ၊ မုန့်မျိုးစုံ အရောင်းအဝယ် သွက် လျက်ရှိပြီး သွင်းကုန်အဖြစ် ချည် ထုတ်၊ ဂျုံ၊ စားတော်ပဲ၊ ဆိုင်ကယ် အမျိုးမျိုး၊ စက်ဘီးပစ္စည်း၊ ကားပစ္စည်း များ ဝယ်ယူတင်သွင်းမှုများကြောင်း သိရသည်။ ယခုရက်ပိုင်း နယ်စပ်ငွေ လဲနှုန်းမှာ အိန္ဒိယ ငွေ ၁ဝဝ ရူပီးလျှင် မြန်မာ ၁၉ဝဝ ကျပ်ဝန်းကျင်ရှိသည်။

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.