21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
အကောက်ခွန် ရှင်းလင်းရေးဆိုင်ရာ အရည်အသွေးမြင့် သင်တန်းများ မေလတွင် စတင်ဖွင့်လှစ်မည်

နိုင်ငံတကာ အကောက်ခွန်လုပ်ငန်း ဝန်ဆောင်မှုများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ အကောက်ခွန်လုပ်ငန်း ဝန်ဆောင်မှုများမှာ နည်းပညာနှင့် အတတ်ပညာပိုင်း အားနည်းနေသည့်အတွက် အ ကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ အရည်အသွေးမြင့် သင်တန်းများကို ၂ဝ၁၇ ခုနှစ် မေလမှ စတင်၍ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း အကောက်ခွန်လုပ်ငန်းများ ဆိုင်ရာ ဝန်ဆောင်သူများအသင်း၏ သတင်း များအရ သိရသည်။  မြန်မာနိုင်ငံ အကောက်ခွန် လုပ်ငန်းများဆိုင်ရာ ဝန်ဆောင်သူ များအသင်းအနေနှင့် အသင်းသားများမှ ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာအဆင့်မီ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် အဆိုပါအကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ အရည်အသွေးမြှင့် သင်တန်းများကို ဖွင့်လှစ်ပို့ချပေးရန် စီမံဆောင်ရွက်နေခြင်းဖြစ်သည်။         အဆိုပါ သင်တန်းကာလကို (၁)လ  သတ်မှတ်ထားပြီး အသင်းမှ အလုပ် အမှုဆောင်များနှင့် MIFFA (မီဖာ) မှ ဆရာများက ပူးပေါင်းသင် ကြားပေးသွားမည်ဖြစ်သည်။  မြန်မာနိုင်ငံ၌ အကောက်ခွန် လုပ်ငန်းဝန်ဆောင်မှု လုပ်ငန်း အေ ဂျင်စီ ၂ဝဝ ကျော်ရှိပြီး ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူ ၁၉ဝဝ နီးပါး ရှိနေကြောင်း သိရသည်။
    အကောက်ခွန် လုပ်ငန်းများဆိုင် ရာ ဝန်ဆောင်သူများအသင်းကို ၁၉၉၇ ခုနှစ်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.