6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
နယ်စပ်ဖြတ်ကျော် Package Tour ခရီးစဉ်များနှင့် ကန့်သတ်ဒေသ ခရီးစဉ်များအတွက် ခွင့်ပြုမိန့်တောင်းခံရာတွင် လိုအပ်သည့် အချက်အလက်များ ထုတ်ပြန်

နိုင်ငံတကာ ခရီးသွားဧည့်သည်များ အနေနှင့် နယ်စပ်ဝင်ပေါက်များမှ အဆက်မပြတ် လာရောက်လည်ပတ်နေသဖြင့် နိုင်ငံတကာခရီးသွားများ မြန်မာနိုင်ငံအတွင်း  အဆင်ပြေ စွာလည်ပတ် လေ့လာနိုင်ရေးနှင့် ခရီးသွားလုပ်ငန်း အေဂျင်စီများလည်း လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ် ဖြတ်ကျော် Package Tour ခရီးစဉ်များနှင့် ကန့်သတ်ဒေသ ခရီးစဉ်များအတွက် ခွင့်ပြုမိန့်တောင်း ခံရာတွင် လိုအပ်သည့် အချက်အလက်များအား မတ်လ ၁၄ ရက်က ထုတ်ပြန်ထားကြောင်း သိရသည်။  
    အဆိုပါ ထုတ်ပြန်ချက်အရ နယ်စပ်ဖြတ်ကျော် Package Tour ခရီးစဉ်များနှင့် ကန့်သတ်ဒေသ ခရီးစဉ်များအတွက် ခွင့်ပြုမိန့်တောင်းခံရာတွင် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ပတ်သက်၍ ကင်းရှင်းကြောင်းနှင့် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက တာဝန်ယူကြောင်း ဝန်ခံကတိပြုချက် အပါအဝင်ကုမ္ပဏီ Letter Head  တင်ပြစာ (၁) စောင်၊ ဧည့်သည် အမည်စာရင်း ခြောက် စောင်၊ ခရီးစဉ်ဇယားခြောက်စောင်၊ ဧည့်လမ်းညွှန် ကိုယ်ရေးအကျဉ်း ခြောက်စောင်၊ ဧည့်လမ်းညွှန် လိုင် စင်မိတ္တူတစ်စောင်နှင့် ခရီးလှည့် လည်ရေးလုပ်ငန်းလိုင်စင် မိတ္တူ တစ် စောင်လိုအပ်ကြောင်း အဆိုပါ ထုတ် ပြန်ချက်အရ သိရသည်။
    ယခုအခါနိုင်ငံတကာ ခရီးသွား ဧည့်သည်များမှာ နယ်စပ်ဝင်ပေါက် များမှ ဝင်ရောက်ကာ ပုဂံ၊ အင်လေး၊ မန္တလေး၊ မြောက်ဦး၊ ပင်းတယဒေသ များ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ မောင်းမကန်၊ ကျိုက္ခမီ၊ စက်စဲ၊ အပန်း ဖြေကမ်းခြေများ၊ ပျူ၊ ဟန်လင်း၊ ဗိသာနိုး၊ သရေခေတ္တရာ စသည့် ရှေး ဟောင်း မြို့တော်များသို့ လာရောက် လည်ပတ်လျက်ရှိသည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.