27-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အလုပ်အကိုင်လိုနေသည့် ရခိုင်လူငယ်များ ရွှေကျား ရက်ကန်းထည်လုပ်ငန်း အလုပ်ရုံတွင် လာရောက်လျှောက်ထားနိုင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1021
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မန္တလေး ဆန်ဈေးကွက်တွင် ဆန်သစ်များ ဈေးကျ

မန္တလေးမြို့အတွင်း ဆန်ဈေး ကွက်တွင် မတ်လ ဒုတိယအပတ်အ တွင်းက ဆန်ဈေးနှုန်းများမြင့်တက်ခဲ့ သော်လည်း တတိယအပတ် အတွင်း ၌ ဆန်ကြမ်းအသစ်များ ဈေးနှုန်း အနည်းငယ် ပြန်ကျသွားကြောင်း သိရသည်။
    မန္တလေးမှ မူဆယ်သို့ တင်ပို့ရာ လမ်းကြောင်းတွင် နယ်မြေအေးချမ်း တည်ငြိမ်မှုမရှိ၍ ဆန်တင်ပို့သည့် ကားများလမ်းပိတ်ဆို့လျက်ရှိသည်။ ရန်ကုန်မှ မန္တလေးသို့ တင်ပို့သည့် ဆန်များသည်လည်း မန္တလေးဆိပ် ကမ်းတွင် စုပုံနေပြီး အထွက်မရှိသ ဖြင့် ဆန်ကြမ်းအသစ်များ တစ်အိတ် လျှင် ကျပ်ငွေ ၅ဝဝဝ မျှ ဈေးလျှော့ ၍ ရောင်းချနေရသည် ဆိုသည်။
    လက်ရှိဆန်ဈေးကွက်တွင် ဆန် ဟောင်းများကို ပြန်လည်သန့်စင်၍ ယခင်ဈေးနှုန်းနှင့် သိပ်မကွာပဲ အ ရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ရွှေ ဘိုဘေးကျားပေါ်ဆန်း အဟောင်း များလည်း ပစ္စည်းလက်ကျန်နည်းပါး လျက် ဈေးနှုန်းတက်ရိပ်သန်းနေ သည်။
    လက်ရှိတွင် ရွှေဘိုဘေးကျား ပေါ်ဆန်း (အသစ်)  ၃၅ဝဝဝ/ ၃၆ဝဝဝ ကျပ်၊ အဟောင်း ၄၃ဝဝဝ/ ၄၄ဝဝဝ ကျပ်၊ မဂျမ်းတော-အသစ် ၃၉ဝဝဝ/၄ဝဝဝဝ ကျပ်၊ အဟောင်း၊ ၄၅ဝဝဝ/၅ဝဝဝဝ ကျပ်၊ ဧရာမင်း အသစ် ၃၈ဝဝဝ/ ၃၈၅ဝဝ ကျပ်၊ ရန်ကုန်ဇီယာအသစ် ၂ဝဝဝဝ/ ၂၂ဝဝဝ ကျပ်၊ သုခ-အသစ် ၂၁ဝဝဝ/၂၂၅ဝဝ ကျပ်၊ ကောက် ညှင်းအပွ၊ ၃၈ဝဝဝ /၃၉ဝဝဝ ကျပ်၊ အသွယ်-ရှယ် ၄ဝဝဝဝ/၄၂ဝဝဝ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ် နေကြောင်း သိရသည်။

မန္တလေးသတင်း
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.