25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေး ခရိုင်အတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း သစ်ထုတ်လုပ်ခွင့်ပြုမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ပခုက္ကူမြို့တွင် ကလေးစာပေ ပွဲတော်နှင့် စာအုပ်အရောင်း ဈေးပွဲတော် ကျင်းပ

ပခုက္ကူမြို့ ကလေးစာပေပွဲတော်နှင့် စာအုပ်အရောင်းဈေးပွဲတော်ကို မတ်လ ၁၈ ရက်မှ  ၂၄ ရက်ထိ ပခုက္ကူမြို့ အမှတ် (၂) အစိုးရ အထက်တန်း ကျောင်း၌  ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ကလေးစာပေပွဲတော်တွင် ပွဲတော်လာ ကလေးများအတွက် ပျော်ပွဲရွှင်ပွဲများကိုလည်း ထည့်သွင်း ကျင်းပခဲ့သည်။                     ကလေးစာပေပွဲတော် အခမ်း အနား ဖွင့်လှစ်ပွဲကို မကွေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့ အလုပ်သမား လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီး ဦးနေမျိုးကျော် တက် ရောက် အမှာစကားပြောကြားခြင်း၊ မကွေးတိုင်းဒေသကြီး ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယညွန့်ကြားရေးမှူး ဦးညွန့်နိုင် တို့က ကလေးစာပေပွဲတော် ကျင်းပရ ခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
    အဆိုပါ အခမ်းအနားသို့ ပြည် သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးပိုက် ကို၊ ပခုက္ကူခရိုင် အုပ်ချုပ်ရေးမှူးဦးကို ကိုလွင်နှင့် ခရိုင်မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အခြေခံကျောင်းများ၊ ဘုန်းတော်ကြီး သင်ကျောင်းများစုံညီစွာ တက်ရောက် ဆင်နွှဲပြိုင်ပွဲဝင်ခဲ့ကြကြောင်း သိရ သည်။
    ''စာအုပ်ဈေးပွဲတော်ကို မတ်လ ၁၈ ရက်ကစပြီး ပြုလုပ်ပါတယ်။ မတ်လ ၂၄ ရက်မှာ အလယ်တန်း မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲ၊ စကားပုံပြိုင်ပွဲ၊ အရုပ်ဆက် ပြိုင်ပွဲ၊ တစ်ဦးချင်းစုပေါင်း ဂိမ်း ကစားနည်းတွေရယ်၊ ပြခန်းတွေရယ်၊ အလယ်တန်းအဆင့် ပုံပြောပြိုင်ပွဲများ ပါ ပြုလုပ်ကျင်းပပေးနိုင်ခဲ့ပါတယ်''ဟု ခရိုင် ပြန်/ဆက်မှ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က ပြောပြသည်။

နေဦးမောင် (ပခုက္ကူ)
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.