30 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မင်္ဂလာ မန္တလေးသင်္ကြန်ပွဲတော်တွင် မောင်သင်္ကြန် မယ်သင်္ကြန် ရွေးချယ်ပွဲကြီးပါဝင်မည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1007
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မြိတ်ကျွန်းစု ဒေသသို့ ဖေဖော်ဝါရီ လအတွင်း စက်တပ်ရွက်လှေ ခရီးစဉ် ရှစ်ဆယ်နီးပါး ရှိနေပြီး ဧည့်သည် ခြောက်ရာကျော် လာရောက်

မြိတ်ကျွန်းစုဒေသသို့ ယခုနှစ် ဖေဖော်ဝါရီလတွင် စက်တပ်ရွက်လှေ ခရီးစဉ် ရှစ်ဆယ်နီးပါးရှိဖြင့် ဧည့် သည် ခြောက်ရာကျော် လာရောက် လည်ပတ်ခဲ့သဖြင့် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလထက် ပိုများလာနေ ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ် ငန်းဝန်ကြီး ဌာန၏ မတ်လ ၆ ရက် ထုတ်ပြန်သတင်းများအရ သိရ သည်။            

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ခရီးသွား ကုမ္ပဏီ များ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဖေဖော်ဝါရီလအတွင်း ခရီးစဉ် စုစုပေါင်း ၇၉ ခုဖြင့် ကမ္ဘာလှည့် ခရီး သည် ၆ဝ၄ ဦးလိုက်ပါကာ လာ ရောက်လည်ပတ်ခဲ့ကြသည်။ အဆိုပါ ခရီးစဉ်များတွင် ထိုင်းနိုင်ငံသားပိုင် စက်တပ်ရွက်လှေ ၃၅ စီးနှင့် မြန်မာ နိုင်ငံသားပိုင် စက်တပ်ရွက်လှေ သုံး စီး၊ စုစုပေါင်း စက်တပ်ရွက်လှေ ၃၈ စီးတို့ဖြင့် လာရောက်လည်ပတ်ခဲ့ကြ သည်။

 နိုင်ငံတကာ ခရီးသွား ဧည့် သည်များအနေနှင့် ကော့သောင်း ခရိုင်အတွင်းရှိ အောက်ကျွန်းနီကျွန်း၊ မြန်မာ ဘန့်၊ မြောက်တော်ဝင် ကျွန်း၊ တောင်တော်ဝင်ကျွန်း၊ နာနတ်သီး ကျွန်း၊ ကျွန်းဖီလာကျွန်း၊ ခရင်းခွကျွန်း၊ ၁၁၅ ကျွန်း၊ ငမန်းကျွန်း၊ မျောက်နီ ကျွန်း၊ သရဲကျွန်း၊ ကြက်မောက်ကျွန်း၊ လန်ပိကျွန်း၊ လှိုဏ်ဂူကျွန်း၊ စေတန် ကျွန်း၊ တောင်လပို့ကျွန်း၊ ၂၅၄ ကျွန်း၊  ၂၅၆ ကျွန်း၊ ကိုဖော့ကျွန်း၊ တာယာ ကျွန်း၊ ညောဦးဖီးကျွန်း၊ နတ်သမီး ရေတွင်းကျွန်း၊ ဒုံးရေတံခွန်၊ ဗိုလ်ချို ကျွန်းများသို့ လာရောက်လည်ပတ်ခဲ့ ကြောင်း သိရသည်။

မြိတ်ကျွန်းစုအတွင်းသို့ နိုင်ငံ တကာ ခရီးသွားဧည့်သည်များ စက် တပ်ရွက်လှေ ခရီးစဉ်များနှင့် လာ ရောက် လည်ပတ်မှုအနေနှင့် ၂ဝ၁၅ ခုနှစ်တွင် ခရီးစဉ် ၃၉၆ ခုနှင့် ကမ္ဘာ လှည့်ခရီးသွား ၃၂၇ဝ ဦး၊ ၂ဝ၁၆ ခုနှစ်တွင် ခရီးစဉ် ၄၇ဝ ခုနှင့် ကမ္ဘာ လှည့်ခရီးသွား ၃၉၆၁ ဦးဝင်ရောက် ခဲ့ကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ်တွင် ဇန်နဝါရီလမှ ဖေဖော်ဝါရီလကုန်အထိ ခရီးစဉ် ၁၆၆ ခုနှင့် ဧည့်သည် ၁၃၉၇ ဦး ဝင်ရောက် လည်ပတ်ခဲ့ပြီးဖြစ်သည်။

၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ခရီးစဉ် ၇၄ ခုနှင့် ဧည့်သည် ၅၁၈ ဦးသာဝင်ရောက်လည်ပတ်ခဲ့ပြီး ယခု ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ လတွင် စက် တပ်ရွက်လှေခရီးစဉ် ၇၉ ခုနှင့် ဧည့် သည် ၆ဝ၄ ဦးတို့ဝင်ရောက်ခဲ့သဖြင့် ယခင် ၂ဝ၁၆ ခုနှစ်ဦး နှစ်လအတွင်း လာရောက်လည်ပတ်မှုထက် ပိုခဲ့ ကြောင်း သိရသည်။

မြိတ်ကျွန်းစုဒေသသည် မြန်မာ နိုင်ငံ၏ တောင်ဘက်၊ ကပ္ပလီပင် လယ်ပြင်အတွင်း တည်ရှိကာ ကျွန်း ပေါင်း ၈ဝဝ ကျော်ဖြင့် ဖွဲ့စည်း ထားပြီး မြန်မာနိုင်ငံ၏  တစ်ခုတည်းသော အမျိုးသား အဏ္ဏဝါဥယျာဉ်ဖြစ်သော လန်ပိကျွန်းတည်ရှိသည့် ကျွန်းစု တစ်ခုဖြစ်သည်။ သုတေသနပြုချက် အရ ကုန်းမြေနှင့် ရေစပ်များတွင် ပေါက်ရောက်သော အမြဲစိမ်းသစ် တောအမျိုးအစား ၁၉၅ မျိုး၊ ဒီရေ တောနှင့် သဲခုံတောသဘာဝပေါက် ပင် အမျိုးအစား ၆၃ မျိုး ရှင်သန် ပေါက်ရောက်နေကြောင်း သိရသည်။   

မြိတ်ကျွန်းစုအတွင်းရှိ သန္တာကျောက် တန်းများတွင်လည်း နို့တိုက်သတ္တဝါ ၁၉ မျိုးနှင့် သွေးအေး၊ သွေးနွေး သတ္တဝါမျိုးစိတ် မြောက် များစွာ နေ ထိုင်ကျက်စားလျက်ရှိသည့်အပြင် ွနေ ြငစ်ပ ဟု ခေါ်တွင်သော ဆလုံလူမျိုးများ၏ ဆောင်းရာသီနှင့် နွေရာသီ တွင် 'ကဗန်း' လှေပေါ်တွင် နေထိုင်၍ ရေထွက်ပစ္စည်းများကို ရှာဖွေကာ အသက်ရှင်သန်နေထိုင်မှု ဘဝပုံစံသည်လည်း ပြည်တွင်းပြည်ပ ခရီးသွားများအတွက် ဆွဲဆောင်မှု တစ်ရပ်ဖြစ်နေသဖြင့် နိုင်ငံတကာ ခရီးသွား ဈေးကွက်များတွင် နာမည် ကျော်ကြားပြီး လာရောက် လည် ပတ်သူ တိုးတက်များပြားလာနေ ခြင်းဖြစ်ကြောင်း သိရသည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.