14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ဆန်ဈေးကွက်သစ် တိုဂိုနိုင်ငံသို့ ဖေဖော်ဝါရီ ၁၉ ရက်မှ စတင် တင်ပို့ ရောင်းချပေးခဲ့

မြန်မာနိုင်ငံ၏ ဆန်ဈေးကွက် သစ်အဖြစ် တိုဂိုနိုင်ငံသို့ ဖေဖော်ဝါရီ ၁၉ ရက်မှ စတင် တင်ပို့ရောင်းချပေး ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနသတင်း များအရ သိရသည်။  

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန သတင်းများ အရ ၂ဝ၁၇ ခုနှစ်ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ် အတွင်း ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၉၅ သန်း တန်ဖိုးရှိ ဆန်ဖြူနှင့် ပေါင်းဆန်တန် ချိန် ၁၅၁၅၅ တန် တင်ပို့ရောင်းချခဲ့ရာ တွင် မလေးရှားနိုင်ငံသို့ ဧည့်မထဆန် တန် ၂၄ဝ၊ သီရိလင်္ကာနိုင်ငံသို့ ဧည့်မ ထဆန် ၆၄၂၅ တန်၊ ရုရှား နိုင်ငံသို့ ဧည့်မထန် ဆန် ၁၇၅ တန်၊ တရုတ် နိုင်ငံသို့ ဧည့်မထဆန်တန် ၁ဝဝဝ၊ အီးယူနိုင်ငံများသို့ ဧည့်မထ ဆန် ၉၄၁ တန်နှင့် ပေါင်းဆန် ၁၂၃၇ တန်၊ ဂျပန်နိုင်ငံသို့ ဧည့်မထ ဆန် တန် ၅ဝဝ၊ စင်ကာပူနိုင်ငံသို့ ဧည့်မ ထဆန် ၃၁၃၇ တန်နှင့် ဆန် ဖောက်သည်ဈေးကွက်သစ်ဖြစ်သည့် တိုဂိုနိုင်ငံသို့  ဧည့်မထဆန် တန် ၁၅ဝဝ တင်ပို့ရောင်းချပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ ကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများမှလည်း ဆန် တင်ပို့ရောင်းချမှုများရှိခဲ့ရာ ဖေဖော် ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းတစ်ပတ်အတွင်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်း များဖြစ်သည့် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းနှင့် လွယ်ဂျယ် ကုန်သွယ်ရေးစခန်းများမှ အမေရိ ကန်ဒေါ်လာ ၇ ဒသမ ၈၂၇ သန်း တန်ဖိုးရှိဆန်တန်ချိန် ၂၄၈၆၇ တန် ကို တင်ပို့ရောင်းချပေးခဲ့ကြောင်း သိရ သည်။ ထိုသို့ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်ပို့ရောင်းချပေးရာ တွင် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေး ဇုန်မှ ငစိန်ဆန် ၈ဝ၆ တန်ကျော်၊ ဧည့်မထဆန် ၁၂၂ဝဝ တန်နီးပါး၊ ချင်းရွှေဟော်ကုန်သွယ်ရေးခစန်းမှ ငစိန်ဆန် ၈၃ တန်ခန့်နှင့် ဧည့်မထ ဆန် ၄၂၃ တန်ကျော်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၁၃၅၅ တန်တင်ပို့ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.