19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ဈေးကွက် အတွင်းရှိ တိုင်းရင်းဆေးများတွင် နိုင်ငံခြားဆေးများ ရောနှော ပါဝင်မှုများကို စစ်ဆေး ဆောင်ရွက်သွားမည်

ဈေးကွက်အတွင်း ရောင်းချ လျက်ရှိသော တိုင်းရင်းဆေးများတွင် နိုင်ငံခြားဆေးများ ရောနှောပါဝင်နေ မှုရှိမရှိကို စစ်ဆေး ဆောင် ရွက်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတိုင်းရင်း ဆေးဆရာများ အသင်း၏ သတင်း များအရ သိရသည်။

ဤသို့ စစ်ဆေးရာတွင် မြန်မာ နိုင်ငံတိုင်းရင်း ဆေးဝါးထုတ်လုပ်သူများနှင့် လုပ်ငန်းရှင်များအသင်း (Myanmar Traditional Industries
Association) ကို ဖွဲ့စည်းကာ အ သင်းပိုင် ဓာတ်ခွဲခန်း ထူထောင်စစ် ဆေးဆောင်ရွက် သွားမည်ဖြစ်သည်။ ပြည်တွင်းဈေးကွက် များတွင် နေ့စဉ်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နေ့လျှင် ဆေးအမျိုးအစားသုံးဆယ်မှ ငါးဆယ်ခန့်အထိ စစ်ဆေး ဆောင်ရွက် သွားမည်ဖြစ်ရာ မြန်မာတစ်နိုင်ငံလုံးတွင် ထုတ်လုပ်ရောင်းချ နေသည့် တိုင်းရင်းဆေးဝါးအားလုံးကို စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ် သည်။ လက်ရှိတွင်လည်း မြန်မာ့ တိုင်းရင်းဆေးများကို တိုင်းရင်းဆေး ပညာဦးစီးဌာနမှ ဓာတ်ခွဲစစ်ဆေး ဆောင်ရွက် ကာ မြန်မာ့ တိုင်းရင်းဆေး များကို ထုတ်လုပ်ရောင်းချရန် တိုင်း ရင်းဆေးပညာ ဦးစီးဌာနမှ ခွင့်ပြုချက် များ ရယူဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ မြန်မာ့တိုင်းရင်းဆေးများကို ဓာတ်ခွဲ စစ်ဆေးရာတွင် တိုင်းရင်းဆေးများ တွင် တိုင်းရင်းဆေးဖက်ဝင် အပင် များပါရှိနေပါက အပင်စစ်၊ မစစ် စစ် ဆေးဆောင်ရွက်ခြင်းနှင့် နိုင်ငံခြား ဆေးဝါးများ ရောနှောပါဝင်နေမှုရှိမရှိ၊ ခဲ၊ ပြဒါး၊ အာဆင်းနစ်(စိန်) ပါဝင်မှုရှိ မရှိ အခြားသော အန္တရာယ်ရှိ ပစ္စည်း များ ပါဝင်မှုရှိ မရှိ အခြေအနေများ ကို တိုင်းရင်းဆေးတစ်မျိုးလျှင် သုံး ကြိမ်တိုင်တိုင် စစ်ဆေးဆောင်ရွက် လျက်ရှိနေသည်။

ထို့ကြောင့် လက်ရှိတိုင်းရင်း ဆေးဝါးထုတ်လုပ်ရောင်းချနေမှုများမှ စိတ်ချယုံကြည်စွာ အသုံးပြုနိုင်သော် လည်း တိုင်းရင်းဈေးကွက် တိုးတက် ကျယ်ပြန်လာသဖြင့် မမှန်မကန် ထုတ်လုပ်ရောင်းချသူများမှ ဈေး ကွက်များအတွင်းသို့ တိုင်းရင်းဆေး အစစ်အမှန်များနှင့် သဏ္ဌာန်တူ ထုတ်လုပ်ရောင်းချမှု၊ ရောနှောရောင်း ချမှုများပြုလုပ်လာနိုင်သဖြင့် ပြည် တွင်းဈေးကွက်များရှိ တိုင်းရင်းဆေး များတွင် နိုင်ငံခြားဆေးများ ရောနှော ပါဝင်နေမှုများကို စစ်ဆေးဆောင် ရွက်သွားရန် စီမံဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။

ယခုအခါ မြန်မာ့တိုင်းရင်းဆေး များအား ခေတ်မီအဆင့်မြင့် နည်း ပညာများ စက်ကရိယာများနှင့် ထုတ် လုပ်လာနေ ပြီဖြစ်ပြီး မြန်မာ့ တိုင်း ရင်းဆေးဈေးကွက်ပိုမိုကျယ်ပြန့်လာ ခဲ့သည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.