29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
သဘာဝ ဓာတ်ငွေ့ တင်ပို့မှု ကဏ္ဍ လျော့ကျ သွားခဲ့သော်လည်း ကျန်သည့် ပို့ကုန်ကဏ္ဍများတွင် တိုးမြှင့် တင်ပို့နိုင်ခဲ့

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တွင် ၂ဝ၁၆ ခုနှစ် ဧပြီလ ၁ ရက်မှ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် အထိ သဘာဝဓာတ်ငွေ့ တင်ပို့မှု ကဏ္ဍမှာ လျော့ကျသွားခဲ့သော်လည်း ကျန် သည့် ပို့ကုန်ကဏ္ဍများတွင် တိုးမြှင့် တင်ပို့နိုင်ခဲ့သဖြင့် ပြည်ပပို့ ကုန်ကဏ္ဍ တိုးတက် လာခဲ့ကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာန သတင်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ ပို့ကုန်ကဏ္ဍတွင် ပင်လယ် ရေကြောင်း ကုန်သွယ်ရေးလမ်း ကြောင်း များမှ အမေရိကန်ဒေါ်လာ သန်း ၆ဝဝဝ ကျော်ဖိုးနှင့်၊ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများမှ အမေရိကန်ဒေါ်လာ သန်း ၄ဝဝဝ ကျော်ဖိုး တင်ပို့နိုင်ခဲ့ပြီး အဆိုပါ တင် ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ကထက် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိ ကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ခန့်လျော့နည်းတင်ပို့ခဲ့ရသော်လည်း အခြားသော ပြည်ပပို့ကုန်များမှ ပို့ ကုန်ရငွေမှာ အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ခန့် ပိုမိုရရှိလာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

လွန်ခဲ့သည့် ဘဏ္ဍာနှစ်များတွင် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ပို့ကုန် ဝင်ငွေများပြားစွာ ရရှိခဲ့သော်လည်း ကမ္ဘာ့သဘာဝ ဓာတ်ငွေ့ဈေးနှုန်း ကျ ဆင်းနေခြင်း၊ ထွက်ရှိမှု လျော့နည်း လာခြင်းတို့ကြောင့် သဘာဝဓာတ်ငွေ့ ကဏ္ဍမှ ပို့ကုန်ဝင်ငွေ လျော့နည်း ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 ပြည်ပသို့ သဘာဝဓာတ်ငွေ့များ တင်ပို့ရောင်းချရာတွင် လွန်ခဲ့သည့် ဘဏ္ဍာနှစ်က သဘာဝ ဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန် ဒေါ်လာသန်း ၄ဝဝဝ နီးပါးနိုင်ငံခြား ဝင်ငွေရရှိခဲ့ သော်လည်း ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၂၆ဝဝ ကျော် သာ ရရှိခဲ့သဖြင့် ယခင်နှစ် ကထက် အမေရိကန် ဒေါ်လာသန်း ၁၅ဝဝ ခန့် လျော့နည်းသွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် မြန်မာ့စီးပွား ရေးကဏ္ဍပိုမိုမြင့်တက်လာစေရေး အတွက် ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိရာ စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနအနေဖြင့် ပို့ကုန်ကဏ္ဍ  ကဏ္ဍစုံမှ မြင့်တက်လာစေရေးအ တွက် ကုန်သွယ် မှုဖြေလျော့ပေးမှု များကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင် ရွက်ပေးလျက်ရှိပြီး ကုန်သွယ်မှုကဏ္ဍ ပိုမိုတိုးတက်ကောင်းမွန် လာစေရေး နှင့် တရားမဝင် ကုန်သွယ်မှု လျော့ နည်း ပပျောက်စေရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ထို့အပြင် မြန်မာ့ကုန်သွယ်မှု ကဏ္ဍပိုမိုတိုးတက်လာစေရေးအတွက်ျွန-နထစသမအ စနစ်နှင့် ကုန်သွယ်ရေး ဆောင်ရွက်ရာတွင် လည်း ပို့ကုန် အ မယ်သစ်များကို တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက် ပေးခဲ့ရာ သကြား၊ ကွမ်း သီး၊ စက်သုံးဆီ စသည့် ကုန်ပစ္စည်း များအပြင် အဝတ်အထည်၊ ကြက် သွန်ဖြူ၊ နှမ်း(ဖြူ/နက်)၊ ငရုတ်သီး ခြောက်၊ မြေပဲ၊ ဝါဂွမ်း၊ ပဲပုပ်စေ့၊ ချည်မျှင်၊ သစ်သီးအစို၊ လျှပ်စစ် ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ အချိုရည် အမျိုးမျိုးနှင့် စားသောက် ကုန်ပစ္စည်းများ၊ စားသုံးဆီ၊ ကားတာ ယာတို့ကိုလည်း Re-export စနစ်ဖြင့် တင်ပို့ခွင့်ပြုခဲ့သည်။ ထို့အပြင် အေးခဲ အသားကိုလည်း Re-export စနစ်နှင့် တင်ပို့နိုင်ရေးအတွက်လည်း ဆောင် ရွက်လျက်ရှိနေသည်။

လွန်ခဲ့သည့် ၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၆ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေး အန္တရာယ်များကြောင့် စိုက်ပျိုး ထုတ်လုပ်မှုများ လျော့ကျသွား ခဲ့ရသည်။   

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.