23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ချင်းတွင်းမြစ်ရေနည်းချိန် ရေယာဉ်များ သောင်တင်မှု မဖြစ်စေရန် ရေကာများ တည်ဆောက်

ချင်းတွင်းမြစ်ရေသည် ဖေဖော်ဝါရီလကုန်ရက်ပိုင်းမှ အစပြု၍ ရေနည်းကာလသို့ စတင်ရောက်ရှိနေပြီ ဖြစ်ရာ ချင်းတွင်းမြစ်အတွင်း စုန်ဆန် သွားလာနေကြသည့် ကုန်တင်ရေ ယာဉ်များနှင့် ခရီးသည် ရေယာဉ်များ သောင်တင်မှုနှင့် ဘေးအန္တရာယ်ကင်း ရှင်းစေရန် ရည်ရွယ်၍ နွေရေကာများ တည်ဆောက်ပေးခြင်း၊ ရေကြောင်းလမ်းများ ရှင်းလင်းဖော်ထုတ်ပေးခြင်း တို့ကို လုပ်ဆောင်ပေးနေကြောင်း ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိ က ဖေဖော်ဝါရီ ၂၈ ရက်က ပြော သည်။

''ရေနည်းကာလကို စတင် ရောက်ရှိချိန် ၂ဝ၁၇ နှစ်ဆန်းပိုင်းက စတင်ပြီး ကျွန်တော်တို့ ဌာနအနေ နှင့် ရေတိုက်စားမှု ကာကွယ်ရေး၊ ရေလမ်းကြောင်း ကောင်းမွန်ရေးနဲ့ ရေလမ်းကြောင်း ဖော်ထုတ်ရှင်းလင်း ပေးရေး ရေကာရိုက်လုပ်ငန်းစတာ တွေကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိ ပါတယ်။ အဓိကတော့ မြစ်ရေနည်း ကာလဖြစ်တဲ့ မတ်လ ဧပြီလတွေမှာ ချင်းတွင်းရေကြောင်း သွား ရေယာဉ် တွေ အဆင်ပြေမှုရှိအောင် ဆောင် ရွက်နေတာဖြစ်ပါတယ်''ဟု ယင်းက ပြောသည်။

ချင်းတွင်း မြစ်ကြောင်းတစ် လျှောက် ရေနည်းကာလ ရေကြောင်း ကျပ်သည့် မော်လိုက်မြို့နယ် ရိုးလာ သဲသောင်တူး လုပ်ငန်းကို လည်း ကောင်း၊ ရှားပင်၊ တွန်းပင်၊ တိန်းသာ ရေလမ်းကြောင်းကိုလည်းကောင်း၊ ကလေးဝမြို့နယ်တွင် ဆင်ခေါင်း၊ ဂဇက်၊ မထုလေး၊ တုန့်နန်း၊ မာန်လုံ၊ ခုံကြီးနေရာများတွင်လည်းကောင်း မင်းကင်းမြို့နယ်တွင် ရေလွှဲရေကာ တည်ဆောက်ခြင်းလုပ်ငန်း တို့ကို လည်း ကောင်း ယခုမတ်လတွင်အပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ကလေးဝ အခြေစိုက်ရေမြစ်ဖြိုးဌာနမှ တာဝန် ရှိက ပြောသည်။

မုံရွာ-ဟုမ္မလမ်း ချင်းတွင်း ရေ ကြောင်းတစ်လျှောက်တွင် ရေ ကြောင်းပါး၊ ရေကြောင်းကျပ်သည့် နေရာ ၅ဝ ဝန်းကျင်ရှိပြီး ကလေးဝ မော်လိုက်၊ မင်းကင်းဝန်းကျင်တွင် ရေ ကြောင်းပါးပြီး ရေကြောင်းကျပ်သည့် နေရာ ၁ဝ နေရာဝန်းကျင်ရှိကြောင်း မုံရွာ-ဟုမ္မလင်း ရေယာဉ်မောင်းတစ် ဦးက ပြောသည်။

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.