24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ကလေး - ဝေဘူလ - ဖလမ်း ကားလမ်းမပေါ်ရှိ 'ငဆစ်ဗားရ်' တံတား မတ်လကုန်တွင် အပြီး တည်ဆောက်မည်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် ချင်းပြည်နယ် ဖလမ်းမြို့ ဆက်သွယ်ရေးတွင် အရေးပါပြီး မဏိ ပူရမြစ်၏ ချောင်း လက်တက် ဖြစ် သော 'ငဆစ်ဗားရ်' ချောင်းဖြတ်ကူး နိုင်ရေးအတွက် တည်ဆောက်လျက် ရှိသော သံကူကွန်ကရက်အောက်ခံ တိုင်သံ ပေါင်တင်ဘေလီချောင်း ဖြတ်တံတားမှာ ယခုမတ်လဆန်းတွင် ၉ဝ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ရာ လကုန်ရက်ပိုင်းတွင် ကလေး - ဖလမ်း သွားကားများ ဖြတ်သန်းသွားလာ ခွင့်ပြုတော့မည်ဖြစ်ကြောင်း ငဆစ် ဗားရ်တံတား တည်ဆောက်ရေးမှ တာဝန်ရှိတစ်ဦးက မတ်လ ၄ ရက်က ပြောသည်။

ငဆစ်ဗားတံတားကို ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း၊ တံတားဦး စီးဌာနအဖွဲ့ ၁ မှ ၂ဝ၁၆ နိုဝင်ဘာမှ စတင်အကောင် အထည်ဖော်ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်မှ ချင်း ပြည်နယ်အတွင်း လမ်းပန်းဆက် သွယ်ရေးကောင်းမွန်စေရန် ရည်ရွယ် ၍ ကျပ်သန်း ၅၆ဝ အကုန်အကျ ခံတည်ဆောက်ခြင်းဖြစ်ကြောင်း သိရ သည်။

''ကလေး-ဝေဘူလ-ဖလမ်းကား လမ်းက အင်္ဂလိပ်လက်ထက်က ဖောက်လုပ်ခဲ့တဲ့ လမ်းဖြစ်ပြီး ကလေး -ဖလမ်း-ဟားခါးသွားလမ်းမှာ အတို ဆုံးအနီးဆုံးလမ်းဖြစ်ပါတယ်။ နောက်ပြီး နယ်ချဲ့တော်လှန်ရေးကာလ ဗိုလ်ဆွန်ပက်တို့ အသုံးပြုခဲ့တဲ့လမ်းဖြစ်ပါ တယ်။ ဝေဘူလ လမ်းဟာ ရွှေဂျိုးဖြူ မင်းသားတို့ရဲ့ အင်းတင်တိုက်ပွဲနဲ့လည်း ဆက်စပ်မှုရှိတဲ့ လမ်းဖြစ်ပါ တယ်''ဟု ဝေဘူလရွာမှ ဒေသခံ ဦးထန်ဟရဲ က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နှင့် ဖလမ်း-ဟားခါးကားလမ်းတွင် ကလေးသိုင်းငင်းရွာ-ဖလမ်းလမ်း (၈၅) မိုင်ကို အသုံးပြုမှုများသော် လည်း၊ ကလေး - ဝေဘူလ၊ ဖလမ်း ကားလမ်းမှာ အတက်အဆင်းနည်း ပါးပြီး မိုင် ၇ဝ ဝန်းကျင်သာရှိ ကြောင်း သိရသည်။

ထို့ကြောင်း ကလေး-ဝေဘူလ-ဖလမ်းကားလမ်း ကောင်းမွန်ပါက အသွားအလာများ ပြားပြီး ကလေး-နတ်ချောင်းနှင့် ဝေဘူလ ရွာ - ဖလမ်းအကြားရှိ ကျေး ရွာများ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ယင်းက ပြောသည်။

''ကျွန်တော်တို့ ကလေး-ဝေဘူ လ-ဖလမ်းကားလမ်းမှာ အပိုင်းလိုက် ကို တင်ဒါအောင် ကုမ္ပဏီတွေက အပိုင်းလိုက် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကလေး-ဖလမ်းကား လမ်းမှာရှိတဲ့ ဝေဘူလရွာက တောင် ကလပ်ရွာကလေးဖြစ်ပြီး ရာသီဥတု၊ ရှုခင်းရှုကွက်ကောင်းမွန်တဲ့ ရွာဖြစ်တဲ့ အတွက် နောက်ပိုင်းမှာ ကျေးရွာ လူ ထုအခြေပြုခရီးသွား လုပ်ငန်းဖော်ဆောင် တဲ့ ရွာတစ်ရွာဖြစ်လာနိုင်ပါတယ်''ဟု ဖလမ်းခရိုင် အထွေထွေအုပ်ချုပ်ရေး ရုံးမှ တာဝန်ရှိတစ်ဦးက ပြောသည်။

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.