14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
လာမည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ ဝန်းကျင် ရရှိရန် မျှော်မှန်း

လာမည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ နှစ် ပြည်ပသို့ပဲမျိုးစုံတင်ပို့ရာတွင် မက်ထရစ်တန်ချိန် ၁ ဒသမ ၂ သန်း မှ ၁ ဒသမ ၄ သန်းအထိ တင်ပို့ရန် မျှော်မှန်းထားပြီး နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ ဝန်းကျင်အထိ ရရှိရန် မျှော် မှန်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနသတင်းများအရ သိရသည်။

 မြန်မာနိုင်ငံတွင် ပဲမျိုးစုံ စိုက် ပျိုးထွက်ရှိနေသော်လည်း ပြည်တွင်း စားသုံးမှုမှာ အနည်းငယ်မျှသာရှိနေ သည်။ လက်ရှိနှစ်တွင်လည်း ယခင် နှစ်ကထက် ပိုမိုတင်ပို့နေရသည်။ လက်ရှိတွင် ပဲပင်ဖောက်လုပ်ရန် ပဲတီ စိမ်းများကိုလည်း အီးယူဈေးကွက်သို့ တင်ပို့လျက် ရှိနေသည်။ အီးယူဈေး ကွက်များအနေနှင့် အီးယူဈေးကွက် သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိနေ သည့် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူး တိုင်းဒေသကြီးက ထွက်ရှိနေသည့် ပဲတီစိမ်းများကို လက်ခံဝယ်ယူလျက် ရှိသည်။ မြန်မာနိုင်ငံတွင် ပဲမျိုးစုံ စိုက်ပျိုးမှုမှာ သီးနှံအားလုံး၏ ၂ဝ ရာ ခိုင်နှုန်းခန့် စိုက်ပျိုးနေခြင်းဖြစ်ပြီး ဆန်စပါးပြီးလျှင် ဒုတိယ အများဆုံး စိုက်ပျိုးနေသည့် လယ်ယာထွက်ကုန် ဖြစ်သည်။ အထူးသဖြင့် ပြည်ပဈေး ကွက်များသို့ အများဆုံး တင်ပို့ရောင်း ချနေသည့် မတ်ပဲ၊ ပဲတီ စိမ်း၊ ပဲစင်းငုံ၊ ကုလားပဲများကို အများဆုံးစိုက်ပျိုး လျက်ရှိနေသည်။

ယခုဘဏ္ဍာနှစ်တွင် မတ်ပဲကို နိုင်ငံပေါင်း ၄၆ နိုင်ငံသို့ တင်ပို့ရောင်း ချပေးခဲ့ရာ အထူးသဖြင့် အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ ပါကစ္စတန်၊ စင် ကာပူ၊ အာရပ်နိုင်ငံများသို့ တင်ပို့ ရောင်းချပေးခဲ့ပြီး ပဲတီစိမ်းကို နိုင်ငံ ပေါင်း ၅ဝ သို့ တင်ပို့ရာတွင် အထူး သဖြင့် တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနိုင်ငံများသို့ တင်ပို့ရောင်းချပေးခဲ့ရသည်။ ထို့ ကြောင့် မြန်မာ့ပဲမျိုးစုံမှာ ပြည်တွင်း တွင် စိုက်ပျိုးထုတ်လုပ်မှုများနေသကဲ့ သို့ ပြည်ဝယ်လက်ဈေးကွက်များ လည်း များစွာရှိနေသဖြင့်လာမည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ပြည်ပ သို့ ပဲမျိုးစုံ တင်ပိုရာတွင် မက်ထရစ်တန် ချိန် ၁ ဒသမ ၂ သန်းမှ ၁ ဒသမ ၄ သန်းအထိ တင်ပို့ရန် မျှော်မှန်းထား ပြီးနိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ် လာ ၁ ဒသမ ၂ ဘီလျံဝန်းကျင်အ ထိ ရရှိရန် မျှော်မှန်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ယခု ဘဏ္ဍာနှစ်ဖေဖော်ဝါရီ ၂၄ ရက်အထိ မြန်မာနိုင်ငံ၏ ပို့ကုန် ကဏ္ဍတွင် ကုန်ပစ္စည်းအမယ်အလိုက် စက်မှုကုန်ချောပစ္စည်းတင်ပို့မှု ကဏ္ဍ တွင် အမေရိကန်ဒေါ်လာ ၄၇၈၉ သန်း တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်အများဆုံး တင်ပို့နိုင်ခဲ့သည့် ကဏ္ဍတစ်ရပ် အဖြစ်ရပ်တည်နေခဲ့သည်။ မြန်မာ နိုင်ငံ၏ အဓိကအားထားရသည့် လယ်ယာထွက်ကုန်တင်ပို့နိုင်မှုမှာ လည်း အမေရိကန်ဒေါ်လာ ၂၅ဝ၃ သန်း ရရှိနေသဖြင့် ပို့ကုန်အုပ်စု  အ လိုက် တင်ပို့မှုတွင် ဒုတိယ နေရာ တွင် ရပ်တည်နေခဲ့သည်။ လယ်ယာ ထွက်ကုန်ပစ္စည်း ကဏ္ဍမှ ယခုဘဏ္ဍာ နှစ် ဖေဖော်ဝါရီလ ၂၄ ရက်အထိ ပြည်ပသို့ပဲအမျိုးမျိုး တင်ပို့ ရာတွင် အမေရိကန်ဒေါ်လာ ၆၃၅ သန်း ကျော် တန်ဖိုးရှိ မတ်ပဲ တန်ချိန် ငါး သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး လွန်ခဲ့သည့် ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၄၂၅ သန်းကျော် တန်ဖိုးရှိ မတ်ပဲ တန်ချိန် လေးသိန်းကျော် တင်ပို့နိုင်ခဲ့ သဖြင့် ယခုဘဏ္ဍာနှစ်တွင် အမေရိ ကန် ဒေါ်လာသန်း ၂၁ဝ ကျော် တန်ဖိုးရှိ မတ်ပဲတန်ချိန် ကိုးသောင်း ကျော်ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။ ထို့အတူ မြေပဲဆန်တန်ပို့မှုတွင် ယခုဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ခန့် တန်ဖိုးရှိ မြေပဲတန်ချိန် ရှစ်သောင်းကျော်) တင်ပို့နိုင်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၄၃ သန်းဖိုးရှိ မြေပဲတန်ချိန်သုံးသောင်းကျော် တင်ပို့ နိုင်ခဲ့သဖြင့် ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၆ သန်းကျော် တန်ဖိုးရှိ မြေပဲတန် ချိန်ငါးသောင်း ကျော်ပိုမိုတင်ပို့နိုင်ခဲ့သည်။ သို့သော် ယခုဘဏ္ဍာနှစ်တွင် ပဲတီစိမ်းနှင့် ပဲစင်းငုံပြည်ပ တင်ပို့မှုမှာ လျော့ကျ သွားခဲ့သည်။ ပဲတီစိမ်း တင်ပို့မှုတွင် ယခုဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ် လာ ၁၇၉ သန်း ကျော်ဖိုးသာ တင်ပို့ နိုင်ခဲ့ပြီး လွန်ခဲ့သည့် ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၂၆၂ သန်း ကျော်ဖိုး တင်ပို့နိုင်ခဲ့သဖြင့် ယခုနှစ် တွင် ပဲတီစိမ်းပြည်ပ တင်ပို့ရာတွင် အမေရိကန် ဒေါ်လာ ၈၃ သန်းကျော် လျော့နည်းခဲ့ရပြီး၊ ပဲစင်းငုံတင်ပို့ရာ တွင်လည်း အမေရိကန်ဒေါ်လာ သန်း ၁၃ဝ ဖိုးတင်ပို့နိုင်ခဲ့ပြီး ယခင် ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆၆ သန်းဖိုးအထိ တင်ပို့နိုင်ခဲ့သဖြင့် ပဲစင်းငုံပြည်ပတင်ပို့မှု တွင်လည်း လျော့ကျသွားခဲ့ကြောင်း သိရသည်။

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.