25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
သရက် ကုန်ချောထုတ် စက်ရုံများနှင့် ထုတ်ပိုးပစ္စည်း စက်ရုံများ ရှိလာသဖြင့် ယခုနှစ် သရက်သီးဈေးကွက် ပိုမို တွက်ခြေ ကိုက်လာနိုင်ဖွယ် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရပ်ရွာ လူထုအခြေပြု ကျေးရွာများသို့ ပြည်ပဧည့်များ ဝင်ရောက်မှုမြင့်တက်

ရပ်ရွာလူထုအခြေပြု ခရီးသွား ဒေသအဖြစ် ဖော်ဆောင်ထားသည့် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ဆော်လော်ကျေးရွာ သို့ ပြည်ပဧည့်ဝင် ရောက်မှုမှာ သိသာစွာ မြင့်တက်လာ ကြောင်း ကန်ပက်လက်မြို့ အခြေ စိုက် ပြည်တွင်းပြည်ပ ခရီးသွား ပို့ ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူ တာ ဝန်ရှိတစ်ဦးက မတ်လ ၁ ရက်က ပြောသည်။

ချင်းပြည်နယ်တွင် ကန်ပက် လက်မြို့နယ် ဆော်လော်ရွာကိုလည်း ကောင်း၊ ဖလမ်းမြို့နယ် တိုင်စွန်းရွာ ကိုလည်းကောင်း၊ တီးတိန်မြို့နယ် တိုင်းလုံးကျေးရွာကို လည်းကောင်း ကျေးရွာလူထုအခြေပြု ခရီးသွား ဒေသအဖြစ် ပြီးခဲ့သည့် ပွင်းလင်းရာ သီမှ အစပြုဖော်ဆောင်ခဲ့ရာ ပြင် သစ်၊ ဂျာမဏီ၊ အင်္ဂလိပ်နှင့် အမေရိ ကန်နိုင်ငံသား အများစု ဝင်ရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

''အခုရက်ပိုင်း ဧည့်အများဆုံး ဝင်ရောက်မှုရှိနေတာက နတ်မ တောင်နဲ့ ဆက်စပ်နေတဲ့ ကန်ပက် လက်မြို့နယ် ဆော်လော်ကျေးရွာ ကို ပြည်တွင်းပြည်ပ ဧည့်အများဆုံးဝင် ရောက်မှုရှိနေပါတယ်''ဟု ယင်းက ပြောသည်။

ချင်းပြည်နယ်အတွင်း ပြည်တွင်း ပြည်ပဧည့်သည် ဝင်ရောက်မှု မှတ် တမ်းများအရ ချင်းပြည်နယ် ကန် ပက်လက်မြို့နတ်မတောင်၊ ဘုံတလာ ရေတံခွန်ဒေသသို့ ပြီးခဲ့သည့် နှစ်က ပြည်တွင်းပြည်ပဧည့် ထောင်ချီဝင် ရောက်မှုရှိခဲ့ပြီး၊ ယခု ပွင့်လင်းရာသီ ကာလအတွင်း ပထမသုံးလအတွင်း ချင်းပြည်နယ် ကန်ပက်လက်ဒေသ သို့ ပြည်တွင်းပြည်ပဧည့် ၆ဝဝ ကျော် ဝင်ရောက်မှုရှိနေပြီဖြစ်ကြောင်း ကန် ပက်လက်မြို့တည်းခိုခန်းများတွင် တည်းခိုသည့် ပြည်တွင်းပြည်ပ ဧည့် စာရင်းများအရ သိရသည်။

ချင်းပြည်နယ်သို့ လာရောက်ကြ သည့် ပြည်ပဧည့်သည်များမှာ ဒေသ ခံများ၏ ရိုးရာဓလေ့များ၊ ဂျပ်ခုတ် အထည်လုပ်ငန်းများ၊ ဒေသ အလိုက် ဝတ်စားဆင်ယင်မှုများ ချင်းပြည်နယ် ၏ တောင်ပိုင်းမှ မျက်နှာဆေးမဲထိုး ဓလေ့များကို အနီးကပ်လေ့လာရန် နှင့် ချင်းပြည်နယ်၏ သဘာဝမပျက် ယွင်းသေးသည့် တောတောင် သဘာဝလှတို့ကို ကြည့်ရှုခံစားရန် လာရောက်ကြခြင်းဖြစ်ကြောင်း ဧည့် သည်ပြင်သစ်နိုင်ငံသားတစ်ဦးက ပြောသည်။

ချင်းပြည်နယ်တွင် သဘာဝ အ လှမပျက်ယွင်းသေးသည့် အမှတ်တရ နေရာများမှာ ရိဒ်ရေကန်၊ ကနေဒီ တောင်၊ လေသာတောင်၊ နတ်မ တောင်၊ ဘုံတလာရေတံခွန်တို့ဖြစ် ကြောင်း သိရသည်။

 မြန်မာနိုင်ငံတွင် ကျေးရွာလူထု အခြေပြု ခရီးသွားလုပ်ငန်းများကို ဖော်ဆောင်လျက်ရှိရာ ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံမြို့အနီးရှိ ရွာစ ကျည်၊ တောင်မြင်းကြီး၊ စပ်ခြံ၊ တောင်ဦးကျေးရွာတို့ကိုလည်းကောင်း၊ ပင်တယမြို့အနီးတွင် ပင်စိမ်းပင်၊ စီး ကျအင်းကျေးရွာ တို့ကို လည်းကောင်း၊ ကယားပြည်နယ်ရှိ ဟွေအော၊ ဆွတ် ပိုင်ကျေးရွာတို့ကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီးတွင် မြိုင်နှင့် ပခုက္ကူမြို့အနီး ကျေးရွာအချို့ကို လည်းကောင်း၊ ဆောမြို့အနီးပြင် လယ်ကုန်းကျေးရွာကိုလည်းကောင်း၊ စလေမြို့နယ် မကျည်းကန်ကျေးရွာ ကို လည်းကောင်း ကျေးရွာလူထု အ ခြေပြု ခရီးသွားလုပ်ငန်းဒေသအဖြစ် ဖော်ဆောင်ထားကြောင်း မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဦးစီး ဌာနမှ ထုတ်ပြန်သည့် သတင်းများအရ သိရ သည်။

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.