25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
သရက် ကုန်ချောထုတ် စက်ရုံများနှင့် ထုတ်ပိုးပစ္စည်း စက်ရုံများ ရှိလာသဖြင့် ယခုနှစ် သရက်သီးဈေးကွက် ပိုမို တွက်ခြေ ကိုက်လာနိုင်ဖွယ် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မောင်တောခရိုင်အတွင်းမှ ဘင်္ဂါလီများအား ဥပဒေနှင့် မကိုက်ညီဟုဆိုကာ နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနေမှု ပြည်နယ်လွှတ်တော်နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် အထူးကိစ္စရပ်များ ကြားန

မောင်တောခရိုင်အတွင်းက ဘင်္ဂါလီများကို လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနက နိုင်ငံသား လက်မှတ်များ ထုတ်ပေးနေ ခြင်းနှင့် ပတ်သက်၍ လေ့လာစုံစမ်းမှု များပြုလုပ်ရန်အတွက် ရခိုင်ပြည် နယ်လွှတ်တော်က ဖွဲ့စည်းထားသည့် နိုင်ငံသား များ၏ မူလအခွင့်အရေးနှင့် အထူးကိစ္စရပ်များ ကြားနာစုံစမ်းရေး အဖွဲ့က လိုအပ်သော ကြားနာမှုများ ကို ဆောင်ရွက်နေကြောင်း သတင်း ရရှိသည်။

အဆိုပါ အဖွဲ့သည် ဖေဖော်ဝါရီ ၂၄ ရက်က မောင်တောမြို့ သာသနာ့ဗိမာန်တွင် မြို့ခံတချို့နှင့် တွေ့ဆုံကာ ဒေသခံများ၏ သဘော ထားများကို တွေ့ဆုံမေးမြန်းခဲ့ပြီး ဖေဖော်ဝါရီ ၂၅ ရက်တွင် ဘူးသီး တောင်မြို့သို့ သွားရောက်ကာ မြို့ခံ များနှင့် တွေ့ဆုံခဲ့သည်။

''လက်ရှိ မောင်တောခရိုင်မှာ ဘင်္ဂါလီတွေကို နိုင်ငံသားလက်မှတ် တွေ ထုတ်ပေးနေတာဟာ ဥပဒေနဲ့ ကိုက်ညီမှုရှိ မရှိ၊ ဒေသခံ တိုင်းရင်း သားတွေရဲ့ သဘောထားနဲ့ မြို့နယ်၊ ခရိုင်နိုင်ငံသား စိစစ်ရေးကော်မတီ အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ကြား နာပြီးတော့ အစီရင်ခံစာရေးမယ်။ အဲဒီအစီရင်ခံစာကို ပြည်နယ်လွှတ် တော် ဥက္ကဋ္ဌဆီကို တင်သွင်းရမယ်'' ဟု ရခိုင်ပြည်နယ်လွှတ်တော် နိုင်ငံ သားများ၏ မူလအခွင့်အရေးနှင့် အထူးကိစ္စရပ်များ ကြားနာစုံစမ်းရေး အဖွဲ့ဝင် အမ်းမဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခင် မောင်ဌေးက ပြောသည်။

 မောင်တောခရိုင်အတွင်းမှ ဘင်္ဂါ လီများအား နိုင်ငံသားလက်မှတ်များ ထုတ်ပေးနေခြင်းသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့် အညီ စိစစ်ဆောင်ရွက်ခြင်းမဟုတ်သည့် အတွက် ဆက်လက်ထုတ်ပေးရန် စီစဉ်နေခြင်းကို ချက်ချင်းရပ်တန့်ပေး ရန် မောင်တောမြို့ ခံများက ဖေဖော် ဝါရီ ၂ဝ ရက်တွင် သဘောထားထုတ် ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ နှင့်အညီ စိစစ်ဆောင်ရွက်ရာတွင် ဒေသခံဌာနတိုင်းရင်းသား ကိုယ်စား လှယ်များပါဝင်သော အဖွဲ့ဖြင့် စိစစ် ဆောင်ရွက်ပေးရန်၊ ဥပဒေနှင့် မညီ ဘဲ ထုတ်ပေးထားသည့် နိုင်ငံသား အသိအမှတ်ပြု ကတ်ပြားများနှင့် နိုင်ငံသားပြုခွင့်ရ ကတ်ပြားများအား ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆို ထားသည်။

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.