25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေး ခရိုင်အတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း သစ်ထုတ်လုပ်ခွင့်ပြုမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မြောက်ဦးမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးထားသည့် စိုက်ပျိုးစရိတ် ချေးငွေ ပြန်လည်ပေးဆပ်မှု ၉ ရာခိုင်နှုန်းသာ ရှိသေး

ပြီးခဲ့သည့် မိုးစပါးစိုက်ရာသီက မြောက်ဦးမြို့နယ် မြန်မာ့ လယ်ယာဖွံ့ ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးခဲ့သည့် စိုက်ပျိုးစရိတ်ချေးငွေ များအနက် တောင်သူများ ပြန်လည်ပေးဆပ်မှု သည် ဖေဖော်ဝါရီ လကုန်ထိ ၉ ရာ ခိုင်နှုန်းသာရှိသေးကြောင်း သတင်းရ ရှိသည်။

 မြောက်ဦးမြို့နယ်  မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်က ကျေးရွာအုပ်စု ၉၆ ခုမှ တောင်သူ ၈၇၁၇ ဦး၏ လယ်မြေဧက ၅၈၇၇၆ အတွက် ချေး ငွေ ၈ ဒသမ ၈၃၁၄ ဘီလီယံထုတ် ချေးထားကြောင့် မြန်မာ့လယ်ယာ ဖွံ့ ဖြိုးရေးဘဏ် မြောက်ဦးဘဏ်ခွဲမှ မန် နေဂျာ ဦးမိုးဇော်ရွှေက ပြောသည်။

''ဖေဖော်ဝါရီလကုန်ထိ စုစု ပေါင်းချေးငွေရဲ့ ကိုးရာခိုင်နှုန်းကိုသာ ပေးဆပ်ကြပါသေးတယ်။ တောင်သူ တွေကတော့ စပါးဈေးကျပြီး ဝယ် လက်မရှိဖြစ်နေတယ်လို့ အကြောင်း ပြန်နေကြပါတယ်''ဟု ဦးမိုးဇော်ရွှေ က ဆိုသည်။

 မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများသို့ ထုတ်ချေးပေး သည့် ငွေများသည် မြန်မာ့ စီးပွားရေး ဘဏ်မှ တစ်ဆင့် ချေးယူ ထား သည့် ပြည်သူပိုင် ငွေကြေးများဖြစ်သဖြင့် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၎င်းက ပြောသည်။

 မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူ သုံးဦးက တစ်ဦးကိုတစ်ဦး အပြန်အလှန် အာမခံသည့် စနစ်ဖြင့် ထုတ်ချေးထားခြင်းဖြစ်သည့်အတွက် ချေးငွေပေးဆပ်ရန် တစ်ဦးပျက်ကွက် သော်လည်း ကျန်နှစ်ဦးမှာ နောက်နှစ် အတွက် ငွေချေးခွင့် မရနိုင်ကြောင်း သိရသည်။

 တောင်သူများအနေဖြင့် ချေးငွေများကို မတ်လ ၃၁ ရက်တွင် နောက် ဆုံးထားပေးဆပ်ရမည်ဖြစ်ပြီး ပေး ဆပ်မှုနောက်ကျ သည့် ချေးငွေ များကို ဒဏ်တိုးအဖြစ် ငွေကျပ်တစ်ရာလျှင် တစ်လကို တစ်ကျပ်နှုန်းဖြင့် ဧပြီလ ၁၅ ရက်မှ စတင်ကောက်ခံ မည်ဖြစ် ကြောင်း သတင်းရရှိသည်။

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.