24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံမှ ဝယ်ယူမှု ရှိလာသဖြင့် မြန်မာ့လျှော်ဖြူဈေး များ မြင့်တက်လာ

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ၏  ဝယ်ယူမှုမြင့်တက်လာသဖြင့် မြန်မာ့ လျှော်ဖြူဈေးများမြင့်တက်လာပြီး ဈေးကွက် အလားအလာကောင်း များ ရှိနေကြောင်း လျှော်ဖြူစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသူများ နှင့် လျှော်ဖြူစိုက်ပျိုး ထုတ်လုပ်တင် ပို့ရောင်းချနေသူများ အစုအဖွဲ့ သတင်းများအရ သိရသည်။             

မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများတွင် အထူးအောင်မြင် ဖြစ်ထွန်း လျက်ရှိ သည့် လျှော်ဖြူကို ယခင်က 'ဆေးကုလားမ' အဖြစ်သာ ပြည်တွင်းတွင် အသုံးပြုလျက်ရှိရာမှ ယခုအခါ နိုင်ငံတကာတွင် အစား အသောက် မုန့်ပဲ သရေစာလုပ်ငန်းများ၊ အလှကုန်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ဆေးဝါး၊ စက္ကူ၊ ရေနံဓာတုနှင့် မော်တော် ကား မှန် ထည်ထုတ်လုပ်သည့် စက်မှုလက်မှု လုပ်ငန်းများတွင် တွင်ကျယ်စွာ အ သုံးပြုလျက်ရှိသည်။

 မြန်မာ့လျှော်ဖြူများကို တရုတ် နှင့် ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းများမှ လျှော်ဖြူအခြေခံ ကုန်ချောပစ္စည်း များအဖြစ် ပြန်လည် ထုတ်လုပ်ရောင်း ချနေခြင်းဖြစ်သည်။  ပြည်တွင်းတွင် လျှော်ဖြူများကို အဆင့် (အေ)၊ (ဘီ) နှင့် (စီ) ဟူ၍ အဆင့်သုံးဆင့် ခွဲခြား ထုတ်လုပ်နေပြီး အဆင့် (အေ) မှာ အဖြူမှန်ကြည် ရောင်၊ အဆင့် (ဘီ) မှာ ကြက်သွေး ရောင်းနှင့် အ ဆင့် (စီ) မှာ အနက်ရောင်ဖြစ်သည်။

လက်ရှိ ပြည်တွင်းဈေးကွက်များ တွင် အဆင့်အေ တစ်ပိဿာလျှင် ငွေကျပ် ၃၅ဝဝဝ မှ ငွေကျပ် ၄ဝဝဝဝ ကျပ် အထိ၊ အဆင့်ဘီ တစ်ပိဿာလျှင် ငွေကျပ် ၂၅ဝဝဝ မှ ငွေကျပ် ၃ဝဝဝဝ နှင့် အဆင့်စီမှာ တစ်ပိဿာ လျှင် ငွေကျပ် ၁၅ဝဝဝ မှ ၂ဝဝဝဝ ကျပ်အထိ ပေါက် ဈေး ရှိနေသည်။ အဆိုပါ ဈေးနှုန်း များမှာ ယခင်နှစ်ကထက် တစ် ပိဿာလျှင် ငွေကျပ် ငါးထောင်မှ တစ်သောင်းအထိ ဈေးနှုန်းမြင့်တက် လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ လျှော်ဖြူစိုက်ပျိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပြည် တွင်းပြည်ပဈေးကွက်များသို့ တိုးမြှင့် တင်ပို့နိုင်ရေး၊ နည်းပညာများ ရရှိရေး၊ တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) တီထွင်ထုတ်လုပ်နိုင်ရေး ပြည်တွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တာဝန်ရှိသူ များ မှ ပံ့ပိုးကူညီဆောင် ရွက်ပေးနေသကဲ့သို့ ဆွစ်ဇာလန်နိုင်ငံ အခြေပြု၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းတစ်ခုဖြစ်သည့် Helvatas မှ လည်း မြန်မာနိုင်ငံ၏ သနပ်ခါး၊ လျှော်ဖြူ၊ လက်ဖက်၊ ဆီး၊ ပန်းနှမ်းနှင့် ဖာလာစသည့် သီးနှံ ခြောက်မျိုးအ တွက် နည်းပညာများနှင့် ထွက်ကုန် များကို တင်ပို့ရောင်းချနိုင်ရန် လေး နှစ်စီမံကိန်းများဖြင့် ပံ့ပိုးကူညီ ဆောင် ရွက်ပေးနေကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေ သကြီးများတွင် လျှော်ဖြူပင် သုံး သန်းခန်းစိုက်ပျိုးဆောင်ရွက် သွားရန်  ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အထိ သုံးနှစ်စီမံ ကိန်းဖြင့် အကောင်အထည် ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိ ရသည်။             

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.